Incident Handling – Intrusion Detection လေ့ကျင့်ခန်း လေ့ကျင့်ဆောင်ရွက်။

Image
1

ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် ဖြစ်စဉ်အား အချိန်တိုအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်ရေး၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဖြေရှင်းမှု တိုးတက်လာစေရေးအတွက် ရည်ရွယ်၍ "Incident Handling - Intrusion Detection" လေ့ကျင့်ခန်းအား အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချလျှက်ရှိရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ စုစုပေါင်း (၁၅)ဦးဖြင့် လေ့ကျင့်ဆောင်ရွက်လျှက်ရှိပါသည်။ 
.
လေ့ကျင့်ခန်း၌ Module (၄)ခု ပါဝင်ပြီး Module (1) တွင် Advanced Persistent Threats (APT) ၏ဝိသေသလက္ခဏာများ၊ Cyber Kill Chain အကြောင်း၊ Intrusion နည်းလမ်းများအကြောင်းများ၊ Module (2) တွင် Incident Handling လုပ်ငန်းစဉ်များ၊ Module (3) တွင် Incident Handling နှင့်ပတ်သက်သော Tool များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး Module (4) တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်အား ကိုင်တွယ်ဖြေရှင်းနည်းအဆင့်ဆင့်ကို အဖွဲ့(၃)ဖွဲ့ခွဲ၍ လက်တွေ့ဆောင်ရွက်ခဲ့ကြပါသည်။
.
အဆိုပါလေ့ကျင့်ခန်းအား မေလ(၁၃)ရက်နေ့မှ မေလ(၂၁)ရက်နေ့ထိ လေ့ကျင့်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

1

2