"Incident Handling - Intrusion Detection" သင်တန်း ဖွင့်လှစ်

Image
1

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling - Intrusion Detection" သင်တန်းအား  ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ (၂၄-၈-၂၀၁၉)ရက်နေ့မှ (၂၆-၈-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမျိုးမြင့်ထိုက်က သင်ကြားပို့ချပေးခဲ့ပါသည်။

သင်တန်းတွင် Module (၄)ခုအား သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation နှင့် Module 4 - Hands-on Exercise တို့ဖြစ်ကြပါသည်။

အဆိုပါသင်တန်းသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။