Covid-19 Phishing လှုပ်ရှားမှုနှင့်ပတ်သက်၍ သတိပေးချက်

Image
1

Covid-19 နှင့်ပတ်သက်၍ လူအများ Stay Home နေကြခြင်းကို အကြောင်းပြုကာ ဟက်ကာများက "အင်တာနက် 1000GB ပေးမည်" ဟု မက်လုံးပေးလိမ်လည်သော Phishing Campaign လှုပ်ရှားမှုများ ပြုလာကြရာ ဆိုက်ဘာလုံခြုံရေးအသိပညာ နည်းပါးသူများက ပုံ(၁)တွင်မြင်ရသည့်အတိုင်း Messenger မှတဆင့် ပေးပို့ခြင်း၊ Facebook တွင် ပို့စ်များကို share လုပ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရပါသည်။

၁

ပုံ(၁)
ပုံ(၁)တွင်ပါရှိသော shorturl[.]at/ksFMN ကိုနှိပ်ပါက ပုံ(၂)တွင်မြင်တွေ့ရသည့် 100gb[.]xyz ကို ရောက်ရှိသွားမည်ဖြစ်ကာ 1000GB Free Internet ကိုရရှိရန် Covid-19 နှင့်ပတ်သက်သည့် မေးခွန်း(၃)ခုကို ဖြေဆိုခိုင်းမည်ဖြစ်ပါသည်။ ထိုအချိန်တွင် ပုံ(၃)တွင်မြင်ရသည့် Obfuscated လုပ်ထားသော JavaScript ဖိုင်ကို အလုပ်လုပ်စေမည်ဖြစ်ပါသည်။ ထို့နောက် ၎င်းတို့၏ပို့စ်ကို နောက်ထပ်လူ(၁၅)ယောက်ထံ နောက်ထပ်ဖြန့်ဝေခိုင်းခြင်း၊ malicious link ပါရှိသော Survey များကို ဖြေဆိုခိုင်းခြင်းများ ပြုလုပ်စေမည်ဖြစ်ပါသည်။

၂

ပုံ(၂)

၃

ပုံ(၃)
.
အဆိုပါလင့်ကိုနှိပ်ခြင်းဖြင့် မိမိ၏ Facebook နှင့်ပတ်သက်သော အချက်အလက်များကို တိုက်ခိုက်သူများက ခိုးယူနိုင်ခြင်း၊ malicious website များမှတဆင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် အလားတူ ပို့စ်များတွေ့ရှိပါက Share ခြင်း၊ Messenger မှတဆင့် အခြားသူများထံ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။