အဓိကအကြောင်းအရာသို့ သွားမည်
x

သံသယဖြစ်ဖွယ် အီးမေးလ်များ လက်ခံရရှိပါက လိုက်နာဆောင်ရွက်ရမည့် အချက်များ

         သံသယဖြစ်ဖွယ် အီးမေးလ်ဆိုသည်မှာ မိမိမသိရှိသောသူထံမှ ပေးပို့သော အီးမေးလ်များ၊ မိမိ၏ မိတ်ဆွေအယောင်ဆောင်၍ ပေးပို့သော အီးမေးလ်များ၊ မည်သည့်အကြောင်းကြောင့် မေးလ်အား လက်ခံရရှိသည်ကို မခွဲခြားနိုင်သော အီးမေးလ်များဖြစ်ပြီး အဆိုပါ အီးမေးလ်များတွင် အဖျက်အမှောင့် Link များ၊ ချုံ့ထားသော Zip ဖိုင်များနှင့် အဖျက်အမှောင့်ကုဒ်များပါသော Microsoft Office ဖိုင်များ (Word ဖိုင်နှင့် Excel ဖိုင်များ) ပါဝင်တတ်ပြီး Password ထားရှိ၍ အဆိုပါ Password အား စာကိုယ်တွင် ဖော်ပြထားလေ့ရှိပါသည်။