ရုံးလုပ်ငန်းသုံးကွန်ပျူတာများနှင့်သက်ဆိုင်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ (Version 1.1)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အစိုးရရုံးဌာနများသည် သတင်းအချက်အလက် နည်းပညာများကို အသုံးပြု၍ e-Government လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာခြိမ်းခြောက်ခံရမှုများ (Cyber Security and Threat)၊ ဆိုက်ဘာအကြမ်းဖက်တိုက်ခိုက်မှု (Cyber Terrorist Attack) များဖြစ်ပေါ်လျက်ရှိပြီး အစိုးရရုံးဌာနများ၏ အရေးကြီးသောသတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးနှင့် ဆိုက်ဘာတိုက်ခိုက်ခံရမှုများအား ကာကွယ်လျှော့ချနိုင်ရေးသည် အလွန်ပင်အရေးပါလှပါသည်။