Skip to main content
x

STOP Ransomware လမ်းညွှန် Version 1.4

STOP Ransomware သည် နိုင်ငံတကာတွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်တိုက်ခိုက်ခဲ့ပြီး မြန်မာနိုင်ငံတွင် စတင်တိုက်ခိုက်ခံရကြောင်း mmCERT ထံ ပထမဆုံး သတင်းပေးပို့သည့်ရက်စွဲမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ဖြစ်ပါသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်း ကတည်းက တိုက်ခိုက်ခံထားရမှုများ ရှိနေနိုင်ပါသည်။ STOP Ransomware နှင့်ပတ်သက်၍ mmCERT ထံသို့ တိုင်ကြားမှုများမှာ ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလတွင် (၁)ကြိမ်၊ ဖေဖော်ဝါရီလတွင် (၁)ကြိမ်၊ မတ်လတွင် (၆)ကြိမ်၊ ဧပြီလတွင် (၂၇)ကြိမ်၊ မေလတွင် (၃၆)ကြိမ်၊ ဇွန်လတွင် (၉၁)ကြိမ် တိုက်ခိုက်ခံထားရပြီး ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်းတိုင်ကြားခဲ့မှုမှာ (၆၅၇)ကြိမ် ရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း mmCERT သို့ တိုင်ကြားခဲ့သော Ransomware တိုက်ခိုက်ခံရမှုများတွင် STOP Ransomware (၆၅၇)ကြိမ်၊ Dharma Ransomware (၁၃)ကြိမ်၊ GandCrab 5.x Ransomware (၇)ကြိမ်၊ GlobalImposter Ransomware (၃)ကြိမ်၊ Scarab Ransomware (၃)ကြိမ်၊ Rapid Ransomware (၂)ကြိမ်၊ အမည်မသိ Ransomware (၂)ကြိမ်၊ Jamper Ransomware (၁)ကြိမ်၊ JSWorm 4.0.3 (၁)ကြိမ်၊ Paradise Ransomware (၁)ကြိမ်၊ Phobos Ransomware (၁)ကြိမ်၊ WannaCry Ransomware (၁)ကြိမ်နှင့် Hermes Ransomware (၁)ကြိမ် အသီးသီးရှိခဲ့ရာ STOP Ransomware တိုက်ခိုက်ခဲ့မှုသည် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။