Skip to main content
x

Myanmar Cyber Security Challenge 2023 ပြိုင်ပွဲ (Qualification အဆင့်)နှင့်ပတ်သက်၍ ကြေညာချက်

၁။ Myanmar Cyber Security Challenge 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီသို့ စာရင်းပေးသွင်းခဲ့သည့် အသင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁။ UI$ Team

၂။ AARON

၃။ C!T4

၄။ Cyb3r0t

၅။ n00b_779082

၆။ CyberLion

၇။ EMPIRE

၈။ &YT3@M

၉။ ZEUS

၁၀။ Whizz

၁၁။ Magics

၁၂။ Success

၁၃။ InfinityIT

၁၄။ I_SH3LL

၁၅။ U_SH3LL

၁၆။ Sync

၁၇။ CIA Blacker

၁၈။ Hot Spring

၁၉။ Team KCL

၂၀။ Et3r

၂၁။ Tracers

၂၂။ Cyber Knights

၂၃။ Team F0v1n

၂၄။ Black-Eyed Susan

၂၅။ ThreeGirls

၂၆။ Cyber World

၂၇။ Deja vu

၂၈။ S Cube

၂၉။ Team Marvelous

၃၀။ Ice-Coffee

၃၁။ SSN

၃၂။ Iconic Force

၃၃။ GirlNextDoor

၃၄။ Glorious

၃၅။ Unity

၂။ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၅ သင်းကျော် စာရင်းပေးသွင်းခဲ့ကြသည့်အတွက် ၎င်းအသင်းများအနက်မှ ၂၅ သင်းကို ဆန်ကာတင်စိစစ်နိုင်ရန် ၃၁-၇-၂၀၂၃ ရက်နေ့ (တနင်္လာနေ့)တွင် Qualification အဆင့်အား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်အသင်းများသည် နံနက် ၉ နာရီမှ ၁၁ နာရီထိ ဖြေဆိုချိန် ၂ နာရီအတွင်း ဆန်းစစ်မေးခွန်း ၁၀ ခုကို ဖြေဆိုပြီး အမှတ်အများဆုံးရရှိသည့် အသင်း ၂၅ သင်းသည် ၅-၈-၂၀၂၃ ရက်နေ့(စနေနေ့)၌ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် “Myanmar Cyber Security Challenge 2023” ပြိုင်ပွဲ (နောက်ဆုံးအဆင့်) တွင် ဆက်လက်ဖြေဆိုခွင့် ရရှိမည် ဖြစ်ပါသည်။ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရရှိသူစာရင်းကို ၃၁-၇-၂၀၂၃ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပါသည်။

၃။ အွန်လိုင်း၌ Qualification အဆင့် ဖြေဆိုမည့်အသင်းများထံသို့ ဖြေဆိုရမည့်ပလက်ဖောင်း Website Link နှင့် Login Credential များကို ပေးပို့သွားမည် ဖြစ်ပါသည်။

၄။ ပြိုင်ပွဲဝင်များအနေဖြင့် အဖြေများကို အခြားမသက်ဆိုင်သူများထံ ပေးပို့ခြင်း၊ ပြင်ပမှ အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ အကူအညီများ ရယူ၍ ဖြေဆိုခြင်းများ ပြုလုပ်ပါက အသင်းအား ပြိုင်ပွဲဝင်ရောက်ရန် ရွေးချယ်ခြင်းပြုမည်မဟုတ်ပါ။ မေးခွန်းများအတွက် နမူနာအဖြေပုံစံမှာ MCSC2023{flag} ဖြစ်ပါသည်။

၅။ ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဖုန်းနံပါတ်ဖြစ်သော ၀၆၇-၃၄၂၂၂၇၂ သို့ဖြစ်စေ၊ ctf@ncsc.gov.mm သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။