HiatusRAT အဖျက်အမှောက်ဆော့ဖ်ဝဲလ်တိုက်ခိုက်မှု အသစ်များက အွန်လိုင်းပေါ်ရှိ လုံခြုံရေးအားနည်းချက်များရှိနေသော Web ကင်မရာများနှင့် DVR များကို ရှာဖွေတိုက်ခိုက်လျက် ရှိကြောင်း FBI က ယနေ့တွင် သတိပေးလိုက်သည်။ (ဆက်လက်ဖတ်ရှုရန်)
Home
| Nov 04, 2024
ဆိုက်ဘာတိုက်ခိုက်သူက Website အား တိုက်ခိုက်ပြီး ၃၁ သန်းသော မှတ်တမ်းများပါဝင်သည့် သုံးစွဲသူများ၏ အထောက်အထားစိစစ်သည့် ဒေတာဘေ့စ်ကို ခိုးယူခဲ့ပြီးနောက်တွင် Internet Archive ၏ “Wayback Machine” သည် ဒေတာကျိုးပေါက်မှုဖြစ်ပေါ်ခဲ့သည်။ ဒေတာကျိုးပေါက်မှုသတင်းသည် archive.org သို့ ဝင်ရောက်ကြည့်ရှုသူများမှ Internet Archive ကျိုးပေါက်မှုဖြစ်ခဲ့ကြောင်း ဖော်ပြသည့် ဟက်ကာများ ဖန်တီးခဲ့သော JavaScript သတိပေးချက်ကို မြင်ပြီးနောက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ (ဆက်လက်ဖတ်ရှုပါရန်။)
| Oct 26, 2024
ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းက ဝင်ရောက်ယှဉ်ပြိုင်ပြိုင်ခဲ့ပါသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| Aug 24, 2024
Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံ ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲကို နေပြည်တော်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) ၌ ယနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
| Jul 25, 2024
ဆိုက်ဘာခြိမ်းခြောက်သူများသည် Hamster Kombat ဂိမ်း၏ အကြီးအကျယ် ရေပန်းစားမှုကို အခွင့်ကောင်းယူကာ Spyware နှင့် သတင်းအချက်အလက်ခိုးယူရေး ဆော့ဖ်ဝဲလ်များကို ထည့်သွင်းနိုင်သည့် Android နှင့် Windows ဆော့ဖ်ဝဲလ် အတုများကို သုံး၍ ကစားသမားများကို ပစ်မှတ်ထားနေကြသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| Jul 24, 2024
Android အတွက် Telegram တွင် ဖြစ်ပေါ်နေသည့် “EvilVideo” အမည်ရှိ Zero-Day လုံခြုံရေးအားနည်းချက်တစ်ခုသည် တိုက်ခိုက်သူများအား ဗီဒီယိုဖိုင်များ အယောင်ဆောင်ထားသည့် အန္တရာယ်ရှိသော Android APK Payload များကို ဖြန့်ဖြူးနိုင်စေရန် ခွင့်ပြုထားသည်။ “Ancryno” အမည်ရှိ ဆိုက်ဘာခြိမ်းခြောက်သူတစ်ဦးသည် ၆-၆-၂၀၂၄ ရက်နေ့တွင် ရုရှားစကားပြော XSS Hacking ဖိုရမ်၏ ပို့စ်တစ်ခု၌ Telegram ၏ Zero-day Exploit ကုဒ်ကို စတင်ရောင်းချခဲ့ပြီး လုံခြုံရေးအားနည်းချက်သည် Telegram v10.14.4 နှင့် ၎င်းအောက် Version များတွင် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။
| Jul 19, 2024
နောက်ဆုံးထုတ် CrowdStrik Falcon ၏ Update ရှိ ပြစ်ချက်ပါသော အစိတ်အပိုင်းတစ်ခုက Windows စနစ်များကို ရပ်တန့်စေခဲ့ပြီး လေဆိပ်များ၊ ရုပ်သံလွှင့်ဌာနများနှင့် ဆေးရုံများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့သည်။ ချို့ယွင်းချက်က Windows ကွန်ပျူတာများနှင့် ဆာဗာများကို ထိခိုက်စေပြီး ကုမ္ပဏီတစ်ခုလုံးနှင့် ကွန်ပျူတာသိန်းပေါင်းများစွာကို Offline ဖြစ်စေကာ အကြီးအကျယ် ပြတ်တောက်မှုဖြစ်စေခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်)
| Jun 26, 2024
FBI က LockBit Ransomware ၏ တိုက်ခိုက်ခံထားရသူများအား ၎င်းတို့သည် Decryption Key ၇,၀၀၀ ကျော်ကို ရရှိထားပြီးဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံထားရသူများအနေဖြင့် စာဝှက်ခြင်းခံထားရသောဒေတာများကို အခမဲ့ ပြန်လည်ဖော်ယူနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ၎င်းတို့ထံဆက်သွယ်ရန် တိုက်တွန်းလိုက်သည်။
| Jun 06, 2024
ယူနိုက်တက်ကင်းဒမ်း၏ သတင်းအချက်အလက်ကော်မရှင်နာရုံး (ICO) သည် မြောက်အိုင်ယာလန်ရဲဌာန (PSNI) အား အွန်လိုင်းပေါ်သို့ အမည်စာရင်းဇယားဖိုင် မှားယွင်းတင်မိခြင်းကြောင့် တပ်ဖွဲ့ရှိ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များ ပေါက်ကြားစေမှုဖြင့် ဒဏ်ငွေ ပေါင် ၇၅၀,၀၀၀ (ဒေါ်လာ ၉၅၄,၀၀၀) ပြစ်ဒဏ်သတ်မှတ်ရန် ရည်ရွယ်ထားသည်။