WannaCry နှင့် NotPetya တို့ထံမှ သင်ယူရရှိလိုက်သော သင်ခန်းစာများ

WannaCry နှင့် NotPetya တို့ထံမှ သင်ယူရရှိလိုက်သော သင်ခန်းစာများ


၂ဝ၁၇ ခုနှစ်၊ မေလ (၁၂)ရက်နေ့တွင် WannaCrypt ဟုခေါ်ဆိုသော အဖျက်အမှောင့် ဆော့ဖ်ဝဲလ်တစ်ခုမှ တိုက်ခိုက်ခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့ခဲ့ကြရပါသည်။ ဗြိတိန်နိုင်ငံနှင့် စပိန်နိုင်ငံတို့မှ စတင်ခဲ့သော အဆိုပါ WannaCrypt Malware သည် ကမ္ဘာတစ်ဝှမ်းလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါသည်။ တောင်းခံသော ငွေပမာဏကို မပေးလျှင် ကူးစက်ခံရသည့် စက်များမှ ဒေတာများကို အသုံးပြု၍မရအောင် ပိတ်ပင်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေပါသည်။ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ထံမှ ခိုးယူခံလိုက်ရသော Exploit များကို ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများက အသုံးပြုဖန်တီးရာမှ ထို Malware တိုက်ခိုက်မှု စတင်ဖြစ်ပေါ်လာသည်ဟု လူအများက ယုံကြည်ကြပါသည်။ ပထမပတ်အတွင်းမှာပင် နိုင်ငံပေါင်း (၁ဝဝ)ခန့်၌ WannaCrypt တိုက်ခိုက်မှုပေါင်း (၄၅ဝဝဝ) ခန့် ပြန့်ပွားခဲ့ပြီး ဗြိတိသျှဆေးရုံ (၄၅)ခုနှင့် အခြားသော ဆေးဝါးထောက်ပံ့ရေးများမှာ အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ကြရပါသည်။ ၂ဝ၁၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့၊ WannaCrypt Ransomware တိုက်ခိုက်မှုအပြီး ရက်သတတပတ် (၆)ပတ်အကြာတွင် NotPetya ဟုအမည်တွင်သော ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်သည် ယူကရိန်းနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ကမာဘတစ်ဎှမ်းသို့ လျင်မြန်စွာ ကူးစက်ခဲ့ပါသည်။ WannaCrypt တိုက်ခိုက်မှုတွင် အသုံးချခဲ့သည့် အားနည်းချက်ကိုပင် Exploit လုပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Hard Drive ထဲတွင်ရှိသည့် ဒေတာများကို ဖယ်ရှင်းပစ်နိုင်ရန် ဒီဇိုင်းထုတ်ထားသော Malware ထည့်သွင်းထားသည့် Ransomware အသွင်အပြင်အတိုင်း ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပို၍ ကြောက်စရာကောင်းသွားသည်မှာ ကူးစက်ခံရသည့် ကွန်ယက်အတွင်းတွင်ရှိနေသာ အခြားသောစက်များထံသို့ပါ အလိုအလျောက် ကူးစက်စေနိုင်သည့် Worm လုပ်ဆောင်ချက်များ ပါဎင်နေခြင်းကြောင့် ပြင်းထန်သော အကျိုးဆက်များကို ဖြစ်စေနိုင်ခြင်းဖြစ်ပါသည်။ ဉပမာဆိုရလှျင် ယူကရိန်းနိုင်ငံတွင် ချာနိုဘိုင်း အဏုုမြူဓာတ်ပေါင်းဖိုမှ အလုပ်သမားများအတွက် ၎တို့၏ကွန်ပျူတာများ လုပ်ဆောင်မှု ရပ်တန့်သွားစဥ်၌ အဏုမြူဓာတ်ရောင်ခြည် ဖြာထွက်မှုကို ကိုယ်တိုင်စောင့်ကြည့်ဖို့ တွန်းအားပေးခံရသလိုမျိုး ဖြစ်ပါသည်။


WannaCrypt လို တိုက်ခိုက်မှုမျိုးတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် သင်ခန်းစာ သော့ချက်သုံးခု


နည်းပညာကုမ္ပဏီများ၊ ၎တို့၏ဖောက်သည်များနှင့်အတူ နည်းပညာပေါ် မှီခိုအားထားနေရသည့် လူမှုအဖွဲ့အစည်းများအတွက် WannaCrypt နှင့် NotPetya တို့ထံမှ သင်ယူရရှိခဲ့သော သင်ခန်းစာ သုံးခု ရှိပါသည်။ ပထမတစ်ခုမှာ Microsoft ကဲ့သို့ နည်းပညာ ဖြန့်ဖြူးသော ကုမပဏီများအနေဖြင့် အရေးပါသော ဆိုက်ဘာတိုက်ခိုက်မှုများမှ ဖောက်သည်များအား ကာကွယ်နိုင်ရန်အတွက် အလေ့အထကောင်းများနှင့် ဖောက်သည်များရဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်နေရန် လိုအပ်သည် ဆိုသောအချက် ဖြစ်ပါသည်။ ဒုတိယအချက်မှာ နည်းပညာဖြန့်ဖြူးသည့် ကုမပဏီများနှင့် နည်းပညာသုံးစွဲသူ ဖောက်သည်များအနေဖြင့် ဆိုက်ဘာလုံခြုံရေးတွင် မှျဎေတာဎန်ယူမှုရှိရန် လိုအပ်သည်ဆိုခြင်းကို နားလည်ရပါမည်။ ထို့နောက် StackHolder တစ်ယောက်ချင်းစီအနေဖြင့်လည်း အွန်လိုင်းစီးပွားရေးစနစ်တွင် လုံခြုံရေးပိုင်းဆိုင်ရာများ တိုးတက်မှုရှိစေရန် လိုအပ်သောဆောင်ရွက်ချက်များကို မဖြစ်မနေ လုပ်ဆောင်ရမည်ဆိုခြင်းကို နားလည်ခံယူထားရန်လည်း လိုအပ်ပါသည်။ နောက်ဆုံး တတိယအချက်မှာ အစိုးရအနေဖြင့် နည်းပညာကုမပဏီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆိုက်ဘာလောကတွင်ရှိသော အနတရာယ်များမှ ပြည်သူများအား ကာကွယ်မှုပေးနိုင်စေရန် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်စေမည့် ဒစ်ဂျစ်တယ်ဂျီနီဗာကွန်ဗင်းရှင်းအသစ်အတွက် ရေရှည်တည်တံ့မည့် လမ်းစဥ်များကို ချမှတ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ နည်းပညာကုမပဏီများကလည်း ၎တို့ဖောက်သည်များ၏ လုံခြုံရေးကို တိုးမြှင့်ပေးရန် တာဎန်ယူမှုများ မြင့်တက်လာရမည် ဖြစ်ပါသည်။ Microsoft အားလည်း  လုံခြုံရေးအင်ဂျင်နီယာ (၃၅ဝဝ)ကျော် ပိုင်ဆိုင်ထားသော Microsoft သည်လည်း ဆိုက်ဘာလုံခြုံရေး အနတရာယ်များကို ရှာဖွေမှတ်သားနိုင်ရန်အတွက် အပြည့်အဎ ပါဎင်လုပ်ဆောင်လျက် ရှိပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဆိုက်ဘာတိုက်ခိုက်မှုအသစ်များကို ကာကွယ်တားဆီးနိုင်စေရန်အတွက် အဆင့်မြင့်အနတရာယ်ကာကွယ်ရေး ဎန်ဆောင်မှုများကို Update ပြုလုပ်ပေးရန် အပါအဎင် ကျွနု်ပ်တို့၏ ဆော့ဖ်ဎဲလ် Platform တစ်ခုလုံးတွင်ရှိနေသည့် လုပ်ဆောင်ချက်များ၏ လုံခြုံမှုရှိစေရေး စသည်များ ပါဎင်ပါသည်။ WannaCrypt နှင့် NotPetya တို့က E×ploit ပြုလုပ်နိုင်သည့် အားနည်းချက်ကို ၂ဝ၁၇ ခုနှစ်၊ မတ်လ်တွင် Microsoft မှ ဖော်ပြခဲ့ပြီး Security Update ကို ထုတ်ပေးခဲ့ပါသည်။ ထို့ပြင် Microsoft သည် အလိုအလျောက် ခွဲခြမ်းစိတ်ဖြာခြင်း၊ စက်ဖြင့် လေ့လာခြင်းနှင့် ပုံစံတူပြုလုပ်ခြင်းတို့မှ ရရှိလာသော သင်ခန်းစာများကို အသုံးပြုပြီး ကျွနု်ပ်တို့ သုံးစွဲသူအားလုံးအတွက် လုံခြုံရေးပိုင်းတွင် ပိုမိုကောင်းမွန်တိုးတက်လာအောင် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ ဤတိုက်ခိုက်မှုများသည် နည်းပညာကုမပဏီများနှင့် နည်းပညာအသုံးပြုများကြား လုံခြုံရေးနှင့်ပတ်သက်ပြီး မှျဎေတာဎန်ယူကြရန် လိုအပ်သောပမာဏကို ဖော်ပြပေးနေပါသည်။ အထူးသဖြင့် လက်ရှိစနစ်များအား ထိန်းသိမ်းခြင်း၊ Patch မဖြစ်မနေပြုလုပ်ခြင်းများသည် လူအတိုင်းအတွက် ကြီးမားသော တာဎန်ယူမှုတစ်ခုဖြစ်ပြီး လုပ်ဆောင်သင့်သော ထိပ်တန်းစီမံခန့်ခွဲရေးတာဎန်အဖြစ် လုပ်ဆောင်ရန်စသော သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အလေ့အထများကို လုပ်ဆောင်ကြရန် လိုအပ်ကြောင်း WannaCrypt နှင့် NotPetya တို့က ကြီးမားစွာ နှိုးဆော်သတိပေးနေပါသည်။ သန်းပေါင်းများစွာသော ကွန်ပျူတာများသည် ခေတ်မမီတော့သော ဆော့ဖ်ဎဲလ်များကို အသုံးပြုနေကြဆဲ၊ Microsoft မှ Patch ထုတ်ပေးထားပြီးသည့်တိုင်အောင် Patch လုပ်မထားသေးဘဲ ရှှိနေကြဆဲ၊ အားနည်းချက်အတိုင်း ထားထားကြဆဲပင်ဖြစ်သည်။ အချက်အလက်များအရ တိုက်ခိုက်ခံခဲ့ကြရသည့် ကွန်ပျူတာများ၏ ဆယ်ရာခိုင်နှုန်းလောက်မှာ ၂ဝဝ၁ ခုနှစ်က ထုတ်ခဲ့သည့် Windows XP ကို အသုံးပြုနေကြဆဲဖြစ်ကြောင်း သိရှိရပါသည်။ထို့ပြင် အပြည့်အဎ update မလုပ်ထားကြသော Windows ကွန်ပျူတာများတွင်သာ အောင်မြင်စွာ တိုက်ခိုက်ထိုးဖောက်ခံခဲ့ကြရခြင်း ဖြစ်ပါသည်။ ဆိုက်ဘာရာဇဎတ်မှု ကျူးလွန်သူများအနေဖြင့် စွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်လာသောကြောင့် သာမန်အသုံးပြုသူများအနေဖြင့် ၎တို့၏ စနစ်များကို update လုပ်မထားခဲ့လျှင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန် နည်းလမ်း ရှိမည် မဟုတ်ပေ။ နောက်ဆုံးတွင် အစိုးရအနေဖြင့် ယိုပေါက်များတွေ့ရှိခြင်းအား ထိန်ချန်ထားခြင်းသည် ထိုသို့သော ပြသနာများကို ဖြစ်ပွားစေနိုင်ကြောင်း ဤတိုက်ခိုက်မှုများက သက်သေပြနေပါတော့သည်။ ဥပမာအနေဖြင့် ထောက်လှမ်းရေးအေဂျင်စီများမှ သိုဎှက်ထားခဲ့သော ယိုပေါက်များကို WikiLeaks မှ ဖွင့်ချခဲ့ခြင်းမျိုးနှင့် NSA ထံမှ ခိုးယူခံခဲ့ရသော ယိုပေါက်များကြောင့် ကမာဘတစ်ဎှမ်းလုံးတွင်ရှိသော နည်းပညာအသုံးပြုသူများအနေဖြင့် ထိခိုက်ခံစားခဲ့ရခြင်းများ ဖြစ်ပါသည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော NSA မှ ကန်ထရိုက်တာတစ်ယောက်က အချက်အလက်များကို ၎၏ကွန်ပျူတာတွင် ထားရင်း Hacking Tool များမှတဆင့် ထိန်းချုပ်ခံလိုက်ရခြင်း အပါအဝင် အစိုးရလက်ထဲတွင် ထိန်းသိမ်းထားသော Exploit များသည် Public Domain အနေဖြင့် ပေါက်ကြားသွားပြီး ပိုမိုကြီးမားကျယ်ပြန့်သော ထိခိုက်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။ "ပြည်ထောင်စုအဆင့် ဆိုက်ဘာလက်နက်ခိုးမှုများသည် သမားရိုးကျ လက်နက်ခိုးမှုထက် စီးပွားရေးအပေါ် ပိုမိုသိသာထင်ရှားစွာ ပျက်စီးစေကြောင်းနှင့် ဆေးရုံကဲ့သို့နေရာများ Hack ခံရသည့်အခါ လူ့အသက်ပေါင်းများစွာ အနတရာယ်ကြုံစေနိုင်ကြောင်း" Microsoft ၏ ဥက္ကဋဖြစ်သူ ဘရတ်စမစ်က WannaCrypt တိုက်ခိုက်မှု ပြီးပြီးချင်းမှာပင် ရှင်းပြခဲ့ပါသည်။


WannaCrypt က လှုပ်နှိုးလိုက်ခြင်းပေလော


WannaCrypt၊ NotPetya နှင့် နိုင်ငံတော်အဆင့် ထုတ်ပြန်ကြေညာခဲ့ရသော အခြားသော ဆိုက်ဘာတိုက်ခိုက်မှုများသည် အစိုးရအဖွဲ့အစည်းများကို လှုပ်နိုးလိုက်သလိုပါပင်။ နိုင်ငံတွင်းတွင် စတင်ခဲ့သော ပဋိပကခမှသည် ပင်လယ်ထဲထိ ရွေ့ပြောင်းသွားပြီး သူ့လမ်းကြောင်းကို လေထဲမှာ တွေ့ကြရသည်။ ထို့နောက် Cyberspace ထံ ရွေ့ပြောင်းပြန်လေသည်။ အစိုးရအဖွဲ့အစည်းများကလည်း Hack ရန်၊ စုံစမ်းထောက်လှမ်းရန်၊ သူလှျိုလုပ်ရန်၊ အဖျက်အမှောင့်လုပ်ရန်နှင့် ခိုးယူရန် စသောရည်ရွယ်ချက်များဖြင့် အင်တာနက် သုံးစွဲမှု တိုးပွားလာနေပါသည်။ မကြာခဏဆိုသလိုပင် စီးပွားရေးအရ ထိခိုက်မှုများပါ ဖြစ်ပေါ်နေပြန်ပါသေးသည်။  ထိုသို့တိုက်ခိုက်မှုများကို ကိုယ်ပိုင်စည်းစိမ်ဥစစာအတွက် တိုက်ခိုက်လာကြပြန်သည်။ Microsoft ကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီကြီးများ၏ ဒေတာစင်တာများ၊ ဆာဗာများမှသည် နိုင်ငံသားတစ်ဉီးတစ်ယောက်ချင်းစီ၏ ကွန်ပျူတာများနှင့် အခြားသော ကိရိယာများထိ ဦးတည်တိုက်ခိုက်ခံလာကြရပါသည်။ အရပ်သားများ ထိခိုက်ဆုံးရှုံးရခြင်းများသည် အဆိုပါယိုပေါက်များကို ထိန်ချန်သိုဝှက်ထားခြင်းကြောင့် ဖြစ်ကြောင်း၊ Exploit များ ထိန်းသိမ်းထားရုံနှင့် သူခိုးရန်မှ ကာကွယ်ရန် မလုံလောက်ကြောင်း အစိုးရအဖွဲ့အစည်းများ နားလည်ခက်ခံလာစေရန် ကျွနု်ပ်တို့ ကြိုးစားရန် လိုပါသည်။ သိုဝှက်ထိန်ချန်ထားခြင်း၊ ရောင်းချခြင်း၊ Exploit ပြုလုပ်ခြင်းများထက် တွေ့ရှိသော ယိုပေါက်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူထံ အစီရင်ခံခြင်း ပြုလုပ်ရန် အစိုးရ၏ လိုအပ်ချက်တစ်ရပ်အဖြစ် "ဒီဂျစ်တယ် ဂျီနီဗာကွန်ဗင်းရှင်း" အသစ်ခေါ်ယူရခြင်းအတွက် Microsoft က အကြောင်းပြခဲ့ပေသည်။ ထို့ထက်ပို၍ စက်မှုလုပ်ငန်းများအနေဖြင့် ပို၍လုံခြုံမှုရှိသော အင်တာနက်ကို အသုံးပြုကြရန် လိုအပ်ပါသည်။ ထို့ကြောင့် လာမည့် လအနည်းငယ်အတွင်းတွင် စက်မှုလုပ်ငန်းများအနေဖြင့် မိမိကိုယ်ကိုယ်နှင့် မိမိ၏ဖောက်သည်များအား ကာကွယ်နိုင်ရန်အတွက် မည်သည်ကို လုပ်ဆောင်ရန် လိုသည်၊ မည်သည်ကို မလုပ်ဆောင်ရန် စသဖြင့် စည်းမျဥ်းစည်းကမ်းများကို အခြေခံ ဖန်တီးရန်အတွက် Microsoft က နည်းပညာအခန်းကဏတစ်ခုကို လုပ်ဆောင်သွားတော့မည်ဖြစ်ပါသည်။ စည်းမျဥ်းတစ်ခုတွင်ဆိုလှျင် အဆိုပါ နည်းပညာအခန်းကဏအနေဖြင့် ဖောက်သည်များအား နေရာတိုင်းတွင် ကာကွယ်ရန်နှင့် ၎တို့ကို တိုက်ခိုက်ရာတွင် ကူညီခြင်းမပြုရန် စသည်တို့ကို ဎန်ခံကတိပြုရခြင်းမျိုး ဖြစ်ပါသည်။ စံသတ်မှတ်ချက်များ၊ စည်းမျဥ်းစည်းကမ်းများနှင့် သဘောတူညီမှုများသည် လိုက်နာတာဎန်ခံမှု မရှိသော တိုက်ခိုက်သူများအတွက် မည်သို့မှျ မဖြစ်နိုင်ပါ။ ပြည်ထောင်စုအဆင့် (သို့မဟုတ်) ပြည်ထောင်စုအဆင့် ကြေညာထားသော အဖွဲ့အစည်းများ ဖြစ်နေလှျင်ပင် လိုက်မှုမရှိသော ကျူးလွန်မည့်သူများအတွက် တိုက်ခိုက်မှုများကို လုပ်ဆောင်နေဦးမည်ဖြစ်ပါသည်။ တိုက်ခိုက်မှုများ ကျူးလွန်သွားသည့်အခါတွင်လည်း နည်းပညာကုမပဏီများနှင့် အစိုးရအဖွဲ့အစည်း နှစ်ခုလုံး၏ စွမ်းရည်ပေါ်မူတည်ပြီး တိုက်ခို်ကမှု၏နောက်ကွယ်တွင် မည်သူ ပါဎင်ပတ်သက်နေသည်ဆိုသည်ကို သိရှိနိုင်ရန် စုံစမ်းထောက်လှမ်းရပါမည်။ ထိုလုပ်ဆောင်မှုများအတွက် စိတ်ချယုံကြည်ရသော အစိုးရအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလုပ်ဆောင်သင့်ပြီး အဆိုပါအဖွဲ့အစည်းအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်စီရင်ခြင်းမျိုး လုပ်ဆောင်ရုံသာမက ရာဇဎတ်မှုကျူးလွန်တိုက်ခိုက်သူများကို နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်မှု ရှိခြင်း၊ မရှိခြင်း စသည်တို့အပေါ် သုံးသပ်ပြီး အပြစ်ပေးသင့်၊ မသင့် ချိန်ဆ ရပါမည်။ ရှုပ်ထွေးပွေလီပြီး စုပေါင်းဖန်တီးထားသော ကွန်ယက်ရာဇဝတ်မှုများအတွက်မူ တရားစီရင်ပိုင်ခွင့်တွင် အချက်အလက် သေချာစွာရှိရန် လိုအပ်သလို ရာဇဎတ်မှုသည် အားလုံးကို ဖုံးကွယ်မသွားစေနိုင်ရန်အတွက် စောင့်ကြည့်စုံစမ်းခြင်းမျိုးအား လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ ဆိုက်ဘာရာဇဎတ်မှုသည် နိုင်ငံအများနှင့် ဆက်စပ်မှုရှိပြီး ရှုပ်ထွေးတတ်ပါသည်။ နည်းပညာအခန်းကဏသည် ဖောက်သည်များအား ကာကွယ်နိုင်ရန်နှင့် Cyberspace ထဲတွင် ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ပညာရေးကျောင်းများနှင့် မည်သည့်နေရာကမဆို အခြားသော အဖွဲ့အစည်းများမှ ကျွမ်းကျင်သော ပညာရှင်များ၏ ကူညီမှုနှင့် အတူတကွ လုပ်ဆောင်သင့်ပါသည်။


နိဂုံး

WannaCrypt နှင့် NotPetya တို့သည် လွန်ခဲ့သောနှစ်အတွင်း ဖြစ်ခဲ့သည့် အဓိက ဆိုက်ဘာတိုက်ခိုက်မှု နှစ်ခု ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ စတင်ရာနှင့် ထိခိုက်စေခဲ့မှုများသည် ချက်ချင်းစုပေါင်းလှုပ်ရှားမှုများကို ပိုမိုအာရုံ စူးစိုက်လာစေရန် ကျွနု်ပ်တို့အား သင်ကြားပေးပါသည်။ တိုက်ခိုက်သူများသည် ပိုမိုပြီး ပညာရည်ပြည့်ဎလာကြသလို ငွေကြေးပိုမိုတောင့်တင်းလာကြသောကြောင့် နိုင်ငံတော်အဆင့် ကြေညာရသည့် တိုက်ခိုက်မှုများသည် ပိုမိုခက်ခဲလာပြီး နည်းပညာအခန်းကဏနှင့် သုံးစွဲသူများ၊ အစိုးရများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်ပေသည်။ WannaCrypt နှင့် NotPetya တို့သည် ကျွနု်ပ်တို့အားလုံးကို လှုပ်နှိုးလိုက်တာပါပဲ။

Author
Khit Minnyo