Social Media အကြောင်းသိကောင်းစရာ (၂)

(က) Social Media ဖြင့် Relationship တည်ဆောက်ခြင်း။

Social Media တစ်ခုဖြစ်သောFacebook သည် Relationship တည်ဆောက်ရာတွင်အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိမှုများအရ တွေ့ရှိရသည်။ ပုံ(၁)တွင် ဖော်ပြ ထားသည့်အတိုင်း အမျိုးသားနှင့် အမျိုးသမီး နှိုင်းယှဉ်ရာတွင် အမျိုးသမီးများသည် ပိုမို၍ လူမှုဆက်ဆံရေး ကွန်ယက်များကို အသုံးပြုကြကြောင်းကို တွေ့ရှိရပါသည်။ Social Media ကို လူမှုဆက်ဆံရေး Media တစ်ခုအနေနှင့်ပင် မကပဲ လူအချင်းချင်း Relationship တည်ဆောက်ရေးအတွက်ကို ပို၍သုံးကြကြောင်းကိုလဲတွေ့ရှိရပါသည်။




Fig (1): Men vs. Women Social Media Usage     Fig (2): Social Media is for Relationship

 

လူအချင်းချင်းဆက်ဆံရာတွင် Social Media ပါဝင်မှုသည် မရှိမဖြစ်အရေးပါသော အခန်းကဏတစ်ခု ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ထူးချွန်သူများနှင့် ကွန်ယက်ချိတ်ဆက် အသုံးပြုရာတွင် လည်းကောင်း၊ မိတ်ဆွေအသစ်များဖွဲ ့ရာတွင် လည်းကောင်း၊ ဝန်ထမ်းများစုဆောင်းရာတွင် လည်းကောင်း၊ ကမဘာအနှံ့အပြားရှိ မိတ်ဆွေများနှင့် အဆက်အသွယ်မပျက်စေရန် လည်းကောင်း၊ အသုံးဝင်အကျိုးရှိလှပေသည်။ ထိုလူမှုကွန်ယက် ဆက်သွယ်မှုများတွင် သင်လုံးဝမပါဝင််ပါ က သင််ခေတ်နောက်ကျ သွားမည်ဖြစ်သည်။


 

(ခ) လူကြိုက်များသော Social Media လုပ်ဆောင်ချက်များ


လူကြိုက်များသော Social Media လုပ်ဆောင်ချက်များမှာ (၁) Posting Messages (၂) Downloading music (၃) Downloading Videos (၄) Uploading Music၊ (၅) Updating Personal Web Sites or online profiles (၆) Posting Photos (၇) Blogging (၈) Creating & Sharing Virtual objects (၉) Creating new Characters (၁ဝ) Participating in collaborative projects (၁၁) Sending suggestion or ideas to Web Sites (၁၂) Submitting Articles to Web Sites (၁၃) Creating polls, quizzes or surveys တို့ ပါဝင်သည်။ လူကြိုက်အများဆုံးသော Social Networking အသုံးပြုမှုများကို ရာခိုင်နှုန်းနှင့် အောက်ဖော်ပြပါပုံတွင် ဖော်ပြထားသည်။




 

(ဂ) Social Media အလွန်အကျွံအသုံးပြုမှုကြောင့် ဖြစ်ပွားနိုင်သော စိတ်ပိုင်းဆိုင်ရာ ပြသ နာများ


ကယ်လီဖိုးနီးယား စတိတ်ယူနီဗာစတီ၏ သုတေသနတွေ့ရှိချက်များအရ Social Networking Siteများကို အလွန်အကျွံ အသုံးပြုသူများသည် (၁) Attention Deficit Hyperactivity Disorder၊ (၂) Depression (၃) Obsessive-Compulsive Disorder (၄) Narcissistic Personality Disorder (၅) Hypochondriasis (၆) Schizoaffective and Schizotypal Disorders (၇) Body Dysmorphia၊ Voyeurism (၈) Addiction အစရှိသည့် စိတ်ပိုင်းဆိုင်ရာပြသနာများနှင့် ကြုံတွေ့နိူင်ကြောင်း သိရှိရပါသည်။ အောက်ဖော်ပြပါပုံတွင်လည်းဖော်ပြထားသည်။






 

(ဃ) Social Media အသုံးပြုခြင်း၏ ကောင်းကျိုးဆိုးကျိုးများ


(ဃ-၁) Social Media အသုံးပြုခြင်း၏ ကောင်းကျိုးများ


၁။ သတင်းအချက်အလက်များ ပိုမို၍ လှျင်မြန်စွာ ဖြန့်ဝေနိုင်ခြင်း

၂။ Social Networking ကိုအသုံးပြု၍ လူမှုဆက်ဆံရေးကဏအသစ်များတွင် ပိုမိုပါဝင်လုပ်ဆောင်လာနိုင်ခြင်း

၃။ ပိုမိုကောင်းမွန်၍ အရည်အသွေးပြည့်ဝသော လူမှုဘဝကိုဖော်ဆောင်လာနိုင်ခြင်း

၄။ Social Media အား အလုပ်အပ်နှံခန့်ထားရေး ရင်းမြစ်တစ်ခုအဖြစ်ပိုမိုအသုံးချလာနိုင်ခြင်း

၅။ Social Networking Site များကိုအသုံးပြု၍ ပြစ်မှုများကိုဖော်ထုတ်လာနိုင်ခြင်း

၆။ စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်သည့် အမျိုးသမီးများ ပိုမိုပေါ်ထွန်းလာခြင်း

၇။ အလုပ်အကိုင်များရှာဖွေရေးတွင် ပိုမို အဆင်ပြေလွယ်ကူလာစေခြင်း

၈။ အသက်ကြီးရွယ်အိုများ လူမှုဆက်ဆံရေးကွန်ယက်များတွင် ပိုမိုပါဝင်လာနိုင်ခြင်း

(ဃ-၂) Social Media အသုံးပြုခြင်း၏ ဆိုးကျိုးများ



 

၁။ မှားယွင်းသော သတင်းအချက်လက်များ ပိုမိုများပြားလာခြင်း၊ ပိုမိုပြန့်ပွားလာစေနိုင်ခြင်း
၂။ ကျောင်းသား/သူ့များ Social Media Site များတွင်အချိန်ကုန်ခြင်းများပြားလာ၍ အရည်အချင်းများကျဆင်းလာခြင်း
၃။ Social Media Site များကြောင့် လုပ်ငန်းခွင်များတွင် ထုတ်ကုန်များလျော့ကျလာစေနိုင်ခြင်း
၄။ လူအချင်းချင်း မျက်နှာချင်းဆိုင်တွေ ့ဆုံမှုများ နည်းပါးလာခြင်း
၅။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရန် အချိန်များလှေျာ့နည်းလာစေနိုင်ခြင်း
၆။ မိသားစု လူနေမှုဘဝပုံစံများ ပြောင်းလဲလာပြီး အချင်းချင်း ရင်းနှီးနားလည်နိုင်စေမှုလှေျာ့နည်းလာစေနိုင်ခြင်း
၇။ Social Media Attack များကြောင့်မိမိတို့၏ အရေးကြီးသော သတင်းအချက်အလက်များ ဘဏ်စာရင်းအကောင့် အချက်အလက်များ ပိုမိုပေါက်ကြားလာစေနိုင်ခြင်း



Reference: 

http://e-learning.unapcict.org/HTML/lec_content/EN/

http://socialnetworking.procon.org/

http://socialnetworking.procon.org/