ဆိုရှယ်မီဒီယာသည် လွန်ခဲ့သောနှစ်များမှ စ၍ ကမ္ဘာနှင့်အဝှန်းသန်းပေါင်းရာချီသော Internet အသုံးပြုသူများ၏ မဖြစ်မနေ လိုအပ်လာသော Internet ရေစီးကြောင်း၏ ဖြစ်စဉ်တစ်ခုအနေဖြင့် သတ်မှတ်လာနိုင်ပါသည်။
စာရင်းဇယားများအရ ၅ စက္ကန့်တိုင်းတွင် Facebook post ပေါင်း ၂ဝ၅,ဝဝဝ ထိရှိပြီး၊ Tweeter ကိုသုံး၍ပို့သော message tweets ပေါင်း ၂၃,ဝဝဝ ၊ Mobile conversation Snapchats ပေါင်း ၈,၆၆၆၊ Wordpress blog အသစ် ပေါင်း ၂၈ခု၊ You Tube video ၆နာရီ်စာ၊ Instagram ပုံပေါင်း ၃ဝဝ ကျော်ကို တင်လျှက်ရှိကြောင်း သိရှိရပါသည်။ ဆိုရှယ်မီဒီယာသည် Internet ကိုအခြေခံထားသော Application အစုအပေါင်းဖြစ်ပြီး နည်းပညာအရ Web ၂.ဝ ကိုအခြေခံထားသည်။ Web ၂.ဝ နည်းပညာသည် ၂ဝဝ၆ခုနှစ်လောက်တွင် ပေါ်ထွန်းကာ မိမိတို့ ၏ comment များကို အသုံးပြုသူများကိုယ်တိုင် ပြုလုပ်နိုင် ၊ ဖလှယ်နိုင်သည့် အခွင့်အရေးရှိသည်။
Fig (1): Web 1.0 Vs Web 2.0
(က) ဆိုရှယ်မီဒီယာ၏ သွင်ပြင်လကခဏာများ
ဆိုရှယ်မီဒီယာ၏သွင်ပြင်လက္ခဏာများအနေဖြင့်အောက်ဖော်ပြပါပုံအတိုင်း (၁)ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ခြင်း (Paticipation)၊ (၂) ပွင့်လင်းမြင်သာမှုရှိခြင်း (Openess)၊ (၃)အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ခြင်း (Conversation)၊ (၄) ရည်ရွယ်ချက်တူရာ၊ စိတ်ကူးတူရာလူအုပ်စုများစုစည်းနိုင်ခြင်း (Community)၊ (၅)အချင်းချင်းချိတ်ဆက်လုပ် ဆောင်နိုင်ခြင်း (Connectedness)၊ တို့ပါဝင်သည်။
Fig (2): Characteristics of Social Media
(ခ) ဆိုရှယ်မီဒီယာ အမျိုးအစားများ
ဆိုရှယ်မီဒီယာ အမျိုးအစားများ့အနေဖြင့်အောက်ဖော်ပြပါပုံအတိုင်း (၁) Social Networking sites (၂) Blogs (၃) Wikis (၄) Podcasts (၅) Forums (၆) Content Communities (၇) Microblogging တို့ပါဝင်သည်။
Fig (3): Social Media Types
(၁) Social Networking Sites
Social Networking Site များသည် လူပုဂဂိုလ်တစ်ဦးချင်းစီ အတွက် Web ကိုအခြေခံ၍ ဝန်ဆောင်မှုပေးသော Site များဖြစ်ပါသည်။ လူသိအများဆုံးနှင့် အသုံးရ အတွင်ကျယ်ဆုံး Social Networking Site တစ်ခုမှာ Facebook ဖြစ်သည်။
Fig (4): Popular Social Networking Site, Facebook
(၂) Blogs
Blogs များသည် စာရေးသူတစ်ဦးချင်း(သို့)အဖွဲ့လိုက်၏ အတွေ့အကြုံများ ၊လေ့လာ တွေ့ရှိချက်များ ၊ထင်မြင်ယူဆချက်များ အစရှိသည်တို့ကို ပုံများ Link များနှင့် တကွ ရေးသားဖော်ပြထားသော Web Site များဖြစ်ပါသည်။ တစ်ဦးချင်းဆိုင်ရာ ပုဂဂလိက blog များ (Personal blog), အကြောင်းရပ်ဆိုင်ရာ blogများ (Topic driven blog), အကြောင်းအရာ တစ်ခုပေါ်မူတည်၍ ရွေးချယ်ထားသော hyperlink များအား comment များပေး ၍ ဆွေးနွေးနိုင်သော blogများ (Filter blog) ဟူ၍ခွဲခြားနိုင်ပါသည်။ အောက်ဖော်ပြပါ ပုံ(၅)တွင်Blog Site တစ်ချို့ကို ဖော်ပြထားသည်။
Fig (5): Blogs
e-Blogger Site ၏ ပုံစံကို အောက်ဖော်ပြပါ ပုံ(၆)အတိုင်း တွေ့မြင်နိုင်သည်။
Fig (6): e-Blogger Site
(၃) Wiki
Wiki သည် web application တစ်ခုဖြစ်ပြီး အသုံးပြုသူများမှ web page content များ အသစ်ထည့်ခြင်း ၊ ပြင်ခြင်း ၊ ဖျက်ခြင်းများကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထားသော Web Site Social Media အမျိုးအစား ဖြစ်သည်။ Wikipedia တွင်ဆောင်းပါးပေါငး် ၂၄သန်းကျော် ရှိပြီး အဂံလိပ်လို ရေးသားထားသော ဆောင်းပါးပေါင်း ၄.၁သန်းကျော်ရှိသည်။ Wikipedia ၏ ပုံစံကို အောက်ဖော်ပြပါ ပုံ(၇)အတိုင်း တွေ့မြင်နိုင်သည်။
Fig (7): Wikipedia
Wiki ၏အသုံးပြုပုံ အမျိုးမျိုးကို ပုံ(၈)တွင် ဖော်ပြထားသည်။
Fig (8): Usage of Wiki
(၄) Podcasts
Podcasts သည် audio, video, pdf နှင့် application ဖိုင်များကို အတွဲလိုက် episod အလိုက် Internet ပေါ်တွင် ဖော်ပြထား၍ subscriber များ အလိုအလျောက် ရယူနိုင်သည့် digital media အမျိုးအစား တစ်မျိုးဖြစ်သည်။ Podcasts နမှုနာ siteများကို ပုံ(၉)၊ (၁ဝ)၊ (၁၁) တို့တွင်ကြည့်ရှုနိုင်ပါသည်။
Fig (9): Podcasts1 Fig (10): Podcasts2
Fig (11): Podcasts3
(၅) Forums
Forums များသည် အချင်းချင်း message များပို့၍ Online အပြန်အလှန် ဆွေးနွေးနိုင်သည့် Social Media Site များဖြစ်သည်။ Forum ပုံစံများကို အောက်ဖော်ပြပါပုံ(၁၂)၊ (၁၃)၊ (၁၄)တွင်ကြည့်ရှုနိုင်သည်။
Fig (12): Forums Sample1 Fig (13): Forums Sample2
Fig (14): Forums Sample3
(၆) Content Community
Content Community များသည် ရည်ရွယ်ချက်တူရာ စိတ်ကူးတူရာ အုပ်စုလိုက် အသုံးပြုသူများ multimedia material များကို online ဖလှယ်နိုင်သော Social Media အမျိုးအစားဖြစ်သည်။ အောက်ဖော်ပြပါ ပုံ(၁၅)တွင် Content Community ၏ လုပ်ဆောင်ပုံကိုဖော်ပြထားပြီး ပုံ(၁၆)တွင် Content Community နမူနာsiteတစ်ခု ကိုဖော်ပြထားသည်။
Fig (15): Content Community
Fig (16): Content Community Sample Site
(၇) Microblogging
Microblogging သည် digital contant များဖြစ်သော te×t, picture, link နှင့် short video များကို Internet ပေါ်တွင် တင်နိုင်သော Social Media အမျိုးအစား တစ်မျိုးဖြစ်သည်။ အောက်ဖော်ပြပါ ပုံ(၁၇)၊ (၁၈)တွင်နမူနာ Microblogging Site များကိုဖော်ပြထားသည်။
Fig (17): Microblogging Sites Fig (18): Microblogging-twitter
ပုံ(၁၉)တွင် Micro Blogging System အလုပ်လုပ်ပုံကို ဖော်ပြထားသည်။
Fig (19): Micro Blogging System
Reference: http://e-learning.unapcict.org/HTML/lec_content/EN/