Cyber တိုက်ခိုက်မှုသမိုင်းတွင် အဆိုးရွားဆုံးတိုက်ခိုက်မှု (၅) ခု

Morris Worm (၁၉၉၈ ခုနှစ်)




ပထမဆုံး Internet မှတစ်ဆင့် ပြန့်ပွားသော worm ကို အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ Robert Tappen Morris ဆိုသူမှ တီထွင်ခဲ့သည်။ ၄င်း worm သည် Computer ပေါင်း ၆ဝဝဝ ကျော်ကို အလွယ်တကူ လျှင်မြန်စွာ ပြန့်ပွားသွားကာ Denial of Service တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှု အမေရိကန်ဒေါ်လာ ၁ဝ သန်းမှ ၁ဝဝ သန်းကြား ဆုံးရှုံးနစ်နာခဲ့ရပါသည်။ 

 


NASA (၁၉၉၉ ခုနှစ်)



Jonathan

James ဆိုသော အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ၏ Computer များအတွင်း တိုက်ခိုက်ဝင်ရောက်ခဲ့ပြီး ၄င်း၏ Backdoor များအား ထည့်သွင်းထားခဲ့ရာ အစိုးရ၏ ထောင်ပေါင်းများစွာသော အတွင်းရေး email ပေါင်းများစွာကို ရရှိခဲ့ပါသည်။ ထိုအချက်အလက်များ ထဲမှ NASA System ၏ အချက်အလက်များလည်း ရရှိခဲ့ပါသည်။ James သည် ၂ဝဝ၈ ခုနှစ်တွင် မိမိကိုယ်ကို သေကြောင်းကြံစည် ခဲ့ပါသည်။

 

Melissa Virus (၁၉၉၉ ခုနှစ်)



Microsoft word ဖိုင်များကို ထိခိုက်စေနိုင်သော Melissa Virus ကြောင့် အမေရိကန် ဒေါ်လာ သန်း ၈ဝ ကျော်ထိခိုက်ဆုံးရှုံးခဲ့ရပါသည်။ Melissa အားဖန်တီးခဲ့သူ David Smith သည် ထောင်ဒဏ် ၂ဝ လ ကျခံခဲ့ရသည်။

 

MarfiaBoy (၂ဝဝဝ ခုနှစ်)



Michael

Calce ခေါ် MarfiaBoy ဟု Underground Hacker လောကတွင် လူသိများသည့် အသက် ၁၅ နှစ်အရွယ် လူငယ်လေးသည် ၂ဝဝဝ ခုနှစ်တွင် နာမည်ကြီး Company Website များဖြစ်ကြသော Amazon, CNN, Dell, E*Trade, eBay နှင့် Yahoo တို့ကို DDOS တိုက်ခိုက်မှုပြုလှုပ်ခဲ့ရာ ဒေါ်လာ ၁.၂ ဘီလျှံ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။ ယခု Calce သည် အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး White Hacker တစ်ဦးအဖြစ် ရပ်တည်ကာ သတင်းအချက်အလက် လုံခြုံရေးကို ကူညီ ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

 

Google China (၂ဝဝ၉ ခုနှစ်)



တရုတ်နိုင်ငံရှိ Google Server များအားလုံးကို Hacker များမှ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ အလယ်ပိုင်းတွင်ဎင်ရောက် တိုက်ခိုက်ခဲ့ရာ Google ၏ Corporate Server အားလုံးနှင့် အခြားအချက်အလက်များပါ ခိုးယူခံခဲ့ရကြောင်း Google မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ Google မှ attacker များသည် တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ Gmail အကောင့်များကို ပစ်မှတ်ထားလုပ်ဆောင်သွားသည် ဟုပြောကြားခဲ့ပါသည်။ Google သည် ၄င်း၏ server များကို ၂ဝ၁ဝ ခုနှစ် မတ်လ တွင် ဟောင်ကောင်သို့ ပြောင်းရွေ့ထားခဲ့ပါသည်။



 

Reference: www.arnnet.com/au/slideshow/34113/top-10-most-notorious-cyber-attacks-hi...