ဆိုက်ဘာစွမ်းအားနှင့် အနာဂတ် စွမ်းအားတို့၏ ရှုထောင့်များ အပိုင်း(၁)

Arthur Lazar ၏ "Cyberpower, a view into future powers" ကို Sai Htaung Kham မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

နည်းပညာ ဆင့်ကဲပြောင်းလဲခြင်း − ၂၁ ရာစုအဟုန်ပြောင်းလဲမှုနှင့် ကမ္ဘာ့၏ နည်းပညာလားရာ


၂၁ ရာစု၏အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကတော့ သိပ္ပံနှင့်နည်းပညာ နယ်ပယ်အရပ်ရပ်တွင် အရှိန်အဟုန်နှင့် ပြောင်းလဲနေသော ဖြစ်စဉ်ပင်ဖြစ်သည်။ ကမ္ဘာအနှံ့တွင် ကြောက်စရာကောင်းလှအောင် ပြန့်ပွားနေသော နည်းပညာသစ်များနှင့်အတူ နောက်ကွယ်တွင် နည်းပညာအသစ်များ၏ စွမ်းအားနှင့် ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဘေးအန္တရာယ်များလည်း ပုန်းကွယ်နေသည်။ လျင်မြန်သော အရှိန်အဟုန်နှင့် သိသိသာသာ မြန်ဆန်လွန်းလှသော သတင်းနှင့်အချက်အလက် ပို့ဆောင်ဆက်သွယ်မှုများကြောင့် ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်မှုကို တနည်းနည်းဖြင့် အကျိုးသက်ရောက်မှု ရှိနေသည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။


လွန်ခဲ့သော နှစ်အနည်းငယ်ကို ပြန်ကြည့်မည်ဆိုလျှင် ပထမဆုံး အင်တာနက်စာမျက်နှာ (website) သည် ၁၉၉၁ ခုနှစ်တွင် စတင်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တိုင် အင်တာနက်စာမျက်နှာသည် စာမျက်နှာပေါင်း ၅ဝ မှျသာရှိခဲ့ဖူးသည်။ သက္ကရာဇ် ၂ဝဝဝ တွင် ကြောက်ခမန်းလိလိ အင်တာနက် စာမျက်နှာပေါင်း ၅ သန်းခန့်ရှိလာခဲ့သည်။ ကမ္ဘာ့ပထမဆုံး အင်တာနက် ကြေးနန်း တစ်နည်းအားဖြင့် Email သည် ၁၉၇၁ ခုနှစ်တွင် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ် ၂ဝ၁၃ ခုနှစ်ကို ပြန်လည်ကြည့်မည်ဆိုပါက နှစ်တိုင်းနှစ်တိုင်း သုံးစွဲသူတစ်ဉီးမှ အခြားတစ်ဉီးသို့ Email ပို့ဆောင်မှု အကြိမ်ပေါင်း ၄ဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ခန့်ရှိနေသည်ကို အံ့သြစွာတွေ့မြင်နိုင်ပါသည်။

ကွန်ပျူတာနှင့် နည်းပညာ၊ လျှပ်စစ်ပစစည်း အမျိုးမျိုးတို့သည် ကျွန်ုပ်တို့၏ဘဝ တစ်စိတ်တစ်ဒေသ ဖြစ်နေကြပါပြီ။ နည်းပညာခေတ်တွင် ၎င်းပစ္စည်း ကိရိယာ မရှိဘဲ ကျွန်ုပ်တို့၏ နေ့စဉ်တစ်နေ့တာ အသက်ရှင် နေထိုင်ရန် မဖြစ်နိုင်လောက်အောင်ပင် နေရာယူထားကြပါပြီ။ ဥပမာအနေဖြင့် တင်ပြရမည်ဆိုပါက အင်တာနက်မှတဆင့် သတင်းအချက်အလက်များဖတ်ခြင်း (Online သတင်းစာ)၊ သူငယ်ချင်းထံ အချက်အလက် (Message) ပေးပို့ခြင်း၊ Email ပြန်လည် အကြောင်းပြန်ပေးခြင်း စသည့် လုပ်ငန်းစဥ်သည် ကျွန်ုပ်တို့၏ ဘဝ တစ်စိတ်တစ်ပိုင်း တစ်ခုအဖြစ် မသိစိတ်၏ နောက်ကွယ်တွင် တိုးတိတ်စွာ နေရာယူထား ကြပါပြီ။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ၎င်းပစ္စည်းကိရိယာအပေါ် ကျွန်ုပ်တို့သည် ပို၍ပို၍ မှီခိုမှု ပြုလာကြသည်။

မျက်မှောက်ခေတ် နည်းပညာဆိုသည့် အသုံးအနှုန်းကို ကြားရလျှင် လူတိုင်း မဖြစ်မနေ အင်တာနက်ဆိုသည့် အသုံးအနှုန်းကို ကြားဖူးကြပါလိမ့်မည်။ အင်တာနက်ဆိုသည်မှာ ခေတ်ပေါ်နည်းပညာ၊ အထူးသဖြင့် တစ်ဉီးကို တစ်ဉီးဆက်သွယ်ရာ၊ သတင်းအချက်အလက် ပေးပို့စဉ် အချိန်နှင့် နေရာမရွေး လျင်မြန်စွာ ဆက်သွယ်ပေးနိုင်သည့် နည်းပညာ စသဖြင့် အနည်းနှင့်အများ အကြမ်းဖျင်း သိရှိထားပြီးဖြစ်ပါသည်။

သို့သော်ငြားလည်း အင်တာနက်သည် Email ပေးပို့ခြင်း စသည့် ဆက်သွယ်ရေးနည်းပညာ တစ်ခုသက်သက်ပင် မဟုတ်ပါ။ အရေးကြီးသော စွမ်းအင်ထုတ်လုပ်မှုစက်ရုံ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံ၊ ဆက်သွယ်ရေး အဆောက်အဈး စသည်တို့သည်လည်း ကွန်ပျူတာမှတစ်ဆင့် အင်တာနက်သို့ သွယ်ဎိုက်သည့် နည်းဖြင့် ဆက်သွယ်၍ မှီခိုနေကြပါသည်။ ၎င်းကွန်ပျူတာတို့သည်လည်း သီးခြားရပ်တည်၍ လုပ်ငန်းလုပ်ဆောင်နေခြင်း မဟုတ်ပါ။ အင်တာနက်မှတစ်ဆင့် တခြားကွန်ပျူတာသို့ တခြားကွန်ပျူတာသည်လည်း နောက်ကွန်ပျူတာ တစ်ခုသို့ စသည်ဖြင့် ကြီးမားသော ကွန်ယက်သဖွယ် ချိတ်ဆက်ကြပြန်သည်။ နောက်ဆုံးရလဒ်အနေဖြင့် ကမ္ဘာတစ်လွား ချိတ်ဆက်နေသော ကြီးမားသည့် ကွန်ယက်ကို ဖြစ်ပေါ်စေသည်။ ၎ကွန်ယက်သည် အင်တာနက်ခေါ် ရာစုသစ်၏ တိုးတက်ပြောင်းလဲလာသော နည်းပညာတစ်ခုပင်ဖြစ်ပါသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်ကို လေ့လာကြည့်လျှင် ကျွန်ုပ်တို့၏ဘဝသည် အင်တာနက်မှ တဆင့် တစ်ခုကိုတစ်ခု ချိတ်ဆက်ထားသော ပစ္စည်းကိရိယာပေါ်တွင် တိုက်ရိုက်၍ မှီခိုနေသည်ကို လေ့လာတွေ့ရှိ နိုင်ပါသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ ဘဝ တစ်စိတ်တစ်ပိုင်းသည် ပတ်ဝန်းကျင်တုခေါ် ထိတွေ့ကိုင်တွယ်၍ မရနိုင်သော ပတ်ဝန်းကျင် (အင်တာနက်ပေါ်) တွင် အသက်ရှင်သန်နေကြပြန်သည်။ ဥပမာ သူငယ်ချင်းနှင့် ဖုန်းမှတဆင့် သတင်းအချက်အလက် ပေးပို့ခြင်း (Chatting)၊ အင်တာနက် Game ကစားခြင်း (Online Game) စသည့် ဖြစ်စဉ်တို့ကို ကြည့်လျှင် သိသာထင်ရှားစွာ သိမြင်နိုင်ပါသည်။


ထိုနည်းတူ တိုးတက်ပြောင်းလဲမှုတို့၏ နောက်ကွယ်တွင် နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ ယင်းအကျိုးသက်ရောက်မှုသည် ကူးစက်မှု မြန်ဆန်ပြီး မယုံနိုင်လောက်အောင် ထိန်းချုပ်မှု မရနိုင်သော အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ ဥပမာအားဖြင့် မသမာသော လူအဖွဲ့အစည်းတစ်ခုသည် နည်းပညာကို အလွဲသုံးစားပြီး ဖျက်ဆီးနိုင်မှု စွမ်းအားတစ်ခုအဖြစ်သို့ပြောင်းလဲကာ ကြီးမားသော နိုင်ငံရေး ပြသနာများကို ဖန်တီးနိုင်စွမ်းရှိ တတ်ကြသည်။

 

ဆိုက်ဘာစွမ်းအား − အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ထူးခြားသောလက္ခဏာ


မျက်မှောက်ကာလာတွင် စွမ်းအားကို အသုံးပြုပြီး လွမ်းမိုးလိုမှု သွင်ပြင်လကခဏာသည် တစ်စတစ်စ ပြောင်းလဲလာပြီး လွမ်းမိုးမှု လကခဏာသစ်တစ်ရပ် ဆိုက်ဘာစွမ်းအားအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေသည်။ တစ်နည်းအားဖြင့် ဆိုက်ဘာစွမ်းအားကို အသုံးပြုပြီး နိုင်ထက်စီးနင်းမှုနှင့်လွမ်းမိုးမှု လက်ဈးရယူခြင်းကို ဆိုလိုပါသည်။ ဆိုက်ဘာစွမ်းအားကို Daniel Kuehl’s ကအောက်ပါအတိုင်း အဓိပပါယ်ကို ပြီးပြည့်စုံစွာ ဖွင့်ဆိုထားပါသည်။ ဆိုက်ဘာစွမ်းအားဆိုသည်မှာ ဆိုက်ဘာလောက (အင်တာနက်ပေါ်ရှိ ပတ်ဎန်းကျင်တု) ပေါ်ရှိ ကောင်းကျိုးမှန်သမျှကို ရယူပြီး ၎ပတ်ဎန်းကျင်ကိုမှီခို၍ အလုပ်လုပ်နေသော ပတ်ဎန်းကျင်တုပေါ်ရှိ စက်ပစစည်းကိရိယာ မှန်သမျှကို လွမ်းမိုးထိန်းချုပ်နိုင်သော စွမ်းအင်ပင်ဖြစ်ပါသည်။

ဆိုက်ဘာစွမ်းအား၏ ပြဋာန်းချက်အနည်းငယ်သည် အောက်ပါအတိုင်းဖြစ်ပါသည်။


(၁) ဆိုက်ဘာစွမ်အားသမိုင်းကို ပြန်ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ နယ်မြေပထဝီနှင့် ဆက်နွယ်မှုရှိနေပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ခန့်တွင် စွမ်းအားလွမ်းမိုးမှုသည် ကုန်းပိုင်း ကြီးစိုးလွမ်းမိုးမှု (ကုန်းကြောင်း စစ်အင်အားပြသမှု) သီးသန့်သာရှိခဲ့သည်။ ဥပမာအားဖြင့် ကြီးမားသော စစ်တပ် (တပ်မတော်)များ၊ ခြေလျင်တပ်များ၊ သံချပ်ကာ ယန္တရားတပ်များစသည့် စစ်အင်အားများဖြင့် နှစ်ပေါင်းများစွာ စစ်မြေပြင်ပေါ်တွင် စစ်အင်အားပြသရန် စစ်ပွဲမြောက်မြားစွာ ဖြစ်ပွားခဲ့ရပါသည်။ ၂ဝ ရာစုပြည့်နှစ်အစတွင် ရေတပ်နှင့် စစ်သငေ်္ှာ နည်းပညာ တိုးတက်ထွန်းကားလာသည်နှင့်အမျှ ပင်လယ်ရေပိုင်နက် အသီးသီးတွင် စစ်အင်အား စွမ်းအားလွမ်းမိုးမှုကို ပြသရန် ရေတပ်များကို အသုံးပြုလာပြန်သည်။ ၁၉ဝဝ ခုနှစ် အစပိုင်းတွင် အမေရိကန်၏ စစ်ပညာသင်တန်းကျောင်းမှ ဗိုလ်ချုပ်ကြီး Alfred Mahan သည် ကြီးမားသော ရေတပ်မတော်ကြီးကို ပြသပြီး အမေရိကန်၏ စွမ်းအားအသစ် မကြာမီ ပေါ်ပေါက်လာမည်ကို ကမဘာတစ်ဎှမ်းရှိ နိုင်ငံအများစု၏ အာရုံစူးစိုက်မှုကို ရယူခဲ့သည်။ ဆက်လက်ပြီး လေကြောင်းနှင့်သက်ဆိုင်သော နည်းပညာ ထွန်းကားလာသည်နှင့်အမျှ လေဟာနယ် ကြီးသည်လည်း စစ်အင်အားနှင့် စွမ်းအားပြသမှုကို ပြုလုပ်ရန် လေတပ်အင်အားကို အသုံးပြုလာ ပြန်ပါတော့သည်။ ဒုတိယကမဘာစစ်ကို အောင်နိုင်သော နိုင်ငံတော်တော်များများသည် လေတပ်အင်အား၏ အထောက်အကူကြောင့်ဟု ဆိုလျှင်လည်း မမှားပေ။   ၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစုနှင့် အမေရိကန်သမမတ ရေဂင်လက်ထက်တွင် လေဟာနယ်အတွင်း စစ်အင်အားနှင့် စွမ်းအားပြသမှုသည် ပိုမိုထင်ရှား သိသာလာပါတော့သည်။ ၎အင်အားပြသမှုကတော့ Star War ဟု လူသိများသော စစ်အင်အားပြသမှုတစ်ရပ်ပင်ဖြစ်သည်။ Star War ဟူသည် အမေရိကန်ပြည်ထောင်စုကို ဆိုဗီယက်၏ ICBMs လက်နက်မှ ကာကွယ်ရန် ကမဘာ့ ပတ်လမ်းကြောင်း အာကာသမှတစ်ဆင့် ICBMs လက်နက်ကို ကာကွယ်ရန် (Space Based Anti-missile System) စနစ်တစ်ခု ဖြစ်သည်။ မျက်မှောက်ကာလဖြစ်သော အင်တာနက်ခေတ်တွင်မူ ဆိုက်ဘာ Space (ပတ်ဝန်းကျင်တု) ပေါ်တွင် စစ်အင်အားနှင့် စွမ်းအားလွမ်းမိုးမှုကို ပြသရန် အချိန်ရောက်လာပါပြီ။ တစ်နည်းအားဖြင့် အင်တာနက်ကို အသုံးပြုပြီး စွမ်းအားပြသမှု ဖြစ်စဉ်ကို ဆိုလိုသည်။

(၂) ဆိုက်ဘာစွမ်းအား၏ အသုံးချနိုင်မှု အလားအလာနှင့် ဖြစ်နိုင်ခြေများကို သုံးသပ်နိုင်ခြင်း မရှိပါက အကျိုး သက်ရောက်မှု ရှိနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ဆိုက်ဘာစွမ်းအားကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ၎နှင့် ဆက်စပ်နေသော အစိတ်အပိုင်းများကို ဖော်ထုတ်ပြီး ဆိုက်ဘာစွမ်းအားကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် ရေတပ်အင်အားအများစုသည် စစ်သငေ်္းာများဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ကုန်းကြောင်းတွင် အသုံးပြုသော စစ်ဘက်ဆိုင်ရာ ယာဥ်ယနတရားများနှင့် စစ်သားအင်အား အများစုကိုပါ သယ်ယူပို့ဆောင်ရန် အသုံးပြုကြပါသေးသည်။ အထက်ပါ ဥပမာကို ကြည့်ခြင်းအားဖြင့် ဆိုက်ဘာစွမ်းအားသည် စစ်သငေ်္ဪာများနှင့်တူပြီး ၎နှင့် ပတ်သက်ဆက်နွယ်နေသော အစိတ်အပိုင်းများ ဖြစ်ကြသည့် စစ်ဘက်ဆိုင်ရာ ယာဥ်ယနတရား အပေါ်တွင် အကျိုးသက်ရောက်အောင် ကောင်းကောင်း အသုံးချ အကောင်အထည်ဖော်ခဲ့ခြင်းပင်ဖြစ်သည်။ သို့သော်ငြားလည်း ဆိုက်ဘာစွမ်းအားသည် ရေတပ်နှင့် မတူညီသည့်အချက်မှာ ဆိုက်ဘာစွမ်းအား၏ အကျိုးသက်ရောက်မှု အချိန်သည် အလွန်တိုတောင်းသည့် အချက်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ရေတပ်ဖြင့် စစ်ဘက်ဆိုင်ရာ ယာဥ်ယနတရားများကို သယ်ဆောင်ရာတွင် လိုရာခရီးကို သတ်မှတ်သော အချိန်အပိုင်းအခြား လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ သို့သော် ဆိုက်ဘာစွမ်းအားကို အသုံးပြုပြီး အမေရိကန်စစ်တပ်သည် ကွန်ပျူတာခလုတ် တစ်ချက်နှိပ်ရုံမျှဖြင့် မိုင်ထောင်ချီဎေးကွာပြီး အရေးပါသော အဆောက်အဈးကို ချက်ချင်းပင်ဆိုသလို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ဆိုက်ဘာစွမ်းအား၏ အကျိုးသက်ရောက်မှုသည် တုံ့ဆိုင်းမနေပါ။ ဆိုက်ဘာစွမ်းအား၏ အကျိုးသက်ရောက်မှုသည် တခြားစွမ်းအားများ ဖြစ်ကြသော ခြေလျင်တပ်၊ ရေတပ်၊ လေတပ် များနှင့် ဆင်တူသည်ဟု ရှုမြင်နိုင်သော်လည်း လက်တွေ့မှာ ကွာခြားပြီး ပိုမို၍ အကျိုးသက်ရောက်မှုအင်အား ကြီးမားလှပါသည်။ အကြောင်းရင်းမှာ ဆိုက်ဘာစွမ်းအားသည် အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ကြသော ခြေလျင်၊ ရေတပ်၊ လေတပ်နှင့် အာကာသ စစ်အင်အားများ အထိ အထောက်အကူပြုနိုင်ခြင်းပင် ဖြစ်သည်။

(၃) ဆိုက်ဘာစွမ်းအားသည် စစ်အင်အားတင်မက စီးပွားရေး၊ နိုင်ငံရေးနှင့် သီးခြားအဖွဲ့အစည်း အပေါ်တွင်လည်း များစွာ အကျိုးသက်ရောက်မှု ရှိနိုင်ပါသေးသည်။ အထက်ဖော်ပြပါအတိုင်း ဆိုက်ဘာစွမ်းအားသည် တခြား စွမ်းအား (ခြေလျင်၊ရေ၊လေ၊အာကာသ) များအပေါ်တွင် အလွယ်တကူ အထောက်အကူပြုနိုင်သည့်အတွက် တစ်မူထူးခြားသော စွမ်းအားဟုပင် သတ်မှတ်နိုင်ပြီး အဆင့်အတန်းခွဲခြားပါက ထိပ်ဆုံး ပထမ စွမ်းအားပင် သတ်မှတ်နိုင်ပါသည်။ ဆိုက်ဘာစွမ်းအားသည် မျက်မှောက်ကာလနှင့် အနာဂတ်တို့၏ စွမ်းအားတစ်ရပ် ဖြစ်လာပါပြီ။ ဆိုက်ဘာစွမ်းအားသည် ယခင်ခေတ်၏ ရေတပ်အင်အား တည်ဆောက်ချိန်နှင့် အာကာသအင်အားတိုးချဲ့ချိန် (Star War) တို့ထက်ပို၍ပင် အင်အားကြီးထွားလာပါပြီ။ ယခင်ခေတ်တွင် စွမ်းအား တစ်ခုနှင့်တစ်ခု လွမ်းမိုးနိုင်ခြင်းထက် ၎သီးခြားစွမ်းအားကို အသုံးပြုပြီး စစ်ဘက်ရေးရာဆိုင်ရာ စွမ်းအားကိုပြသရန်နှင့် စီးပွားရေးလောကကို ထိန်းချုပ်နိုင်ရန်သာ အဓိက အသုံးပြုခဲ့ကြသည်။ မျက်မှောက်ခေတ်နှင့် အနာဂတ်တွင်မူ စစ်စွမ်းအားများသည် ဆိုက်ဘာစွမ်းအားကို မှီခို၍ လာပါလိမ့်မည်ဟု ကျွန်ုပ်တို့၏ ရှုထောင့်ဖြင့် တွေးတောနိုင်ပါသည်။ 

 

ဆိုက်ဘာစွမ်းအား၏ အရင်းအမြစ်
စွမ်းအားများသည် သက်ဆိုင်ရာ လုံလောက်သော အရင်းအမြစ်များပေါ်တွင် မူတည်နေပါသည်။ ထိုနည်းတူ ဆိုက်ဘာစွမ်းအားသည်လည်း ဆိုက်ဘာအရင်းအမြစ် (ပတ်ဝန်းကျင်တု သို့မဟုတ် အင်တာနက်) နှင့် ၎အရင်းအမြစ်ကို အသုံးချပြီး စစ်မှန်သော စွမ်းအားကို အကောင်အထည်ဖော်နိုင်မည့် စွမ်းရည် ပေါ်တွင်မူတည်နေပါသည်။

Paul Kennedy နှင့်သူ၏ လေ့လာမှုတစ်ရပ်ဖြစ်သော စွမ်းအား၏ အင်အားကြီးမားလာချိန်နှင့် အင်အားကျဆုံးချိန်တွင်မူ နည်းပညာနှင့်စီးပွားရေး တိုးတက်ပြောင်းလဲလာမှုကများစွာ ပါဝင်ပတ်သက် နေသည်ကို တွေ့ရှိရပါသည်။ ၎တိုးတက်ပြောင်းလဲမှုသည်လည်း လိုအပ်သော အရင်းအမြစ်များစွာ အပေါ်တွင် မှီခိုမှုရှိနေပါသည်။ သမိုင်းခေတ် တစ်ခေတ်နှင့် တစ်ခေတ် အလီလီ ကူးပြောင်းချိန်ခါဎယ် အဆောက်အဈ တည်ဆောက်ပုံတင်မက စီးပွားရေး နည်းဗျူဟာနှင့် နည်းပညာပါလိုက်၍ မျက်ဎါးထင်ထင် တိုးတက် ပြောင်းလဲလာသည်ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ သိပပံပညာရပ်၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဥ်သည်လည်း ယင်းခေတ်အခါ၏ အပြောင်းအလဲပေါ်တွင် သိသိသာသာ အထောက်အကူပြုခဲ့ပါသည်။  သက္ကရာဇ် ၁၅ဝဝ နှောင်းပိုင်း အတတလနတိတ်သမုဒဒရာတွင် ကူးလူးသွားလာနေသော စစ်သင်္ကောအများစုသည် အမြောက်များ တင်ဆောင်ကာ ကူးသန်းရောင်းဎယ်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အတတလနတိတ်သမုဒဒရာအတွင်း ကူးသန်းရောင်းဝယ်မှု တိုးတက်လာသည်နှင့်အမျှ ဥရောပနိုင်ငံအများစုသည်လည်း ဗဟုသုတနှင့် နည်းပညာတိုးတက်မှု အကျိုးကျေးဇူးကို ဖြစ်ထွန်းစေခဲ့ပါသည်။ ၎အကျိုးဆက်ကြောင့် ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်အင်ဂျင် တီထွင်နိုင်ခြင်းနှင့် သံနှင့်ဆက်စပ်သော နည်းပညာ ဗဟုသုတ စသည်တို့ကို ပိုင်ဆိုင်နိုင်သော နိုင်ငံအချို့သည် သိသိသာသာ စွမ်းအားကြီးမားသော နိုင်ငံများအဖြစ်သို့ တိုးတက်ပြောင်းလဲခဲ့ဖူးသည်။ တစ်နည်းအားဖြင့် စစ်အင်အားကြီးထွားရန်အတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးသည်လည်း အပြန်အလှန် ပတ်သက်ဆက်နွယ်နေပြန်သည်။

စစ်စွမ်းအားကြီးမား တောင့်တင်းလျှင် စီးပွားရေး၊ လူ့အရင်းအမြစ် စသည့် အရင်းအမြစ်အပေါ်တွင် သိသိသာသာလွမ်းမိုးမှု ရှိနေပြီဟု ထင်ကောင်းထင်နိုင်သော်ငြားလည်း မျက်မှောက်ခေတ်တွင်မူ ဆိုက်ဘာစွမ်းအား၏ လွမ်းမိုးမှုနှုန်းကို မမီနိုင်သေးပေ။ အကြောင်းရင်းမှာ မျက်မှောက်ခေတ်တွင် ကမဘာကြီးသည် ရွာလေးသဖွယ် သေးငယ်လာမှု (Globalisation - ကမဘာ့နေရာအနှံ့တွင် စကကန့်အတွင်း အဆက်အသွယ် ပြုနိုင်သောကြောင့် ရွာလေးသဖွယ်ဟု တင်စားထားသည်)၊ သတင်းနှင့် အချက်အလက်နည်းပညာ တိုးတက် ပြောင်းလဲလာမှု၊ နည်းပညာ ကွန်ယက်များချိတ်ဆက်ထိန်းချုပ်နိုင်မှု (အင်တာနက်)၊ တစ်နေရာနှင့်တစ်နေရာ လွယ်လင့်တကူ အချိန်တိုအတွင်း ဆက်သွယ်နိုင်မှုစသည့် အရင်းအမြစ်သည်လည်း ဆိုက်ဘာစွမ်းအားအတွက် အရေးပါအရာရောက်သော အရင်းအမြစ်များ ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။

ဆိုက်ဘာစွမ်းအားသည် စွမ်းအားအားလုံး၏အပေါ်တွင် အထောက်အကူပြုနိုင်ခြင်းကြောင့် လွမ်းမိုးမှု အင်အား ကြီးမားသော စွမ်းအားဟုပင် သတ်မှတ်နိုင်ပါသည်။ ဆိုက်ဘာ Space (အင်တာနက်) ကို အကြမ်းဖျင်းပြောရလျှင်၊ ဆိုက်ဘာ Space ဟူသည် ပတ်ဝန်းကျင်တု၊ ထိတွေ့ကိုင်တွယ်၍ မရနိုင်သောနေရာ အထူးသဖြင့် ကမဘာတစ်ဝှမ်းမှ ကွန်ပျူတာ အသုံးပြုသူ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီး သတင်းဖလှယ် ရယူနေသည့်နေရာဟု သတ်မှတ်နိုင်ပါသည်။ ၎ ဆိုက်ဘာ Space ကို စျေးနှုန်းသက်သာပြီး လူတန်းစားမရွေး အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်သည့်အတွက် ဆိုက်ဘာ Space သည် ကောင်းကျိုးကိုဖြစ်ထွန်းစေသလို ခန့်မှန်း၍မရနိုင်သော ဆိုးကျိုးများကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။

၁၉၉ဝ ခုနှစ်မှစပြီး စစ်ဆင်ရေး နည်းဗျူဟာများကို ကွန်ယက်ဗဟိုပြု နည်းဗျူဟာအဖြစ်သို့ အစားထိုးပြောင်းလဲခဲ့ပြီး တပ်မတော်စွမ်းရည်ကို တိုးမြှင့်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် စစ်ဆင်ရေးနည်းဗျူဟာ အထောက်အကူ မှန်သမျှကို ကွန်ယက်အပေါ် မှီခိုအသုံးပြုခြင်းကို ဆိုလိုသည်။ ၎စစ်ဆင်ရေး၏ နည်းဗျူဟာ ပြောင်းလဲမှု အကြံဉာဏ်ထုတ်ပြီး အကောင်အထည်ဖော်ခဲ့သူမှာ အမေရိကန် ရေတပ်မတော် ကွပ်ကဲရေးဌာနချုပ်မှ Jay Johnson ပင်ဖြစ်သည်။  စစ်ဆင်ရေးနည်းဗျူဟာ တစ်ချို့ကို တင်ဆက်ရမည်ဆိုလျှင် ဒုံးကျည်၏ ပစ်မှတ်ကို မှန်ကန်စွာ ပစ်ရောက်ထိမှန်နိုင်ရန်အတွက် တချို့သော ဂြိုဟ်တု၏တည်နေရာကို ပေါင်းစပ်ပြီး အသုံးပြုရန်လိုအပ်နေသလို နည်းပညာအထောက်အကူပြု အဆောက်အဉီးနှင့် Cyber Space မှတစ်ဆင့် ထိန်းချုပ်မှု စကားဝှက်ကိုလည်း ထိရောက်မှန်ကန်စွာ ပေးပို့ နိုင်ရန်လိုအပ်သည်။ ထို့အပြင် ပညာရှင်အချို့၏ အစီရင်ခံစာ တင်ပြချက်အရ တပ်မတော်၏စွမ်းအား၊ အခြေခံမူဎါဒနှင့် ခေတ်မီသော စစ်ဆင်ရေးနည်းဗျူဟာတို့၏ ကောင်းကျိုး ဆိုးကျိုးမှန်သမျှသည် Cyber Space ကိုမည်သည့် အတိုင်းအတာအထိ ထိရောက်စွာ အသုံးနိုင်မှုအပေါ် များစွာ မူတည်နေပါသည်။

ဆက်လက်ဖော်ပြပါမည်။

Reference
"Cyberpower, a view into future powers" by Arthur Lazar

Author
Sai Htaung Kham