အင်တာနက်သုံး ကိရိယာများ၏ လုံခြုံမှု နှင့် လျှို့ဝှက်မှု အပိုင်း(၁)

McKinsey Global Institute ၏ ၂ဝ၁၃ ခုနှစ်က တင်သွင်းခဲ့သော အစီရင်ခံစာအရ လူသိများသည့် နည်းပညာရပ်များ၊ အများသတိမထားမိသေးသော နည်းပညာရပ်များ စသည့် ခြားနားသော နည်းပညာများစွာသည် တစ်ဦး တစ်ယောက်ချင်းစီ၏ လူနေမှုဘဝများအပြင် ကမ္ဘာ့စျေးကွက်နှင့် စီးပွားရေးလုပ်ငန်းများထိပါ နက်ရှိုင်းစွာ ထိခိုက်စေခဲ့ကြောင်းကို တွေ့မြင်ခဲ့ကြရပါသည်။

ဖော်ပြထားသော နည်းပညာစာရင်းများထဲတွင် မိုဘိုင်းဖုန်းများ၊ ဉာဏ်ရည်တု နည်းပညာ (AI) များ၊ အကြီးစား ဒေတာများ၊ အထူးပြုပြင်မွမ်းမံထားသော စက်ရုပ်တီထွင်ဖန်တီးမှုများ၊ အင်တာနက်ကွန်ယက် ချိတ်ဆက်အသုံးပြုနိုင်သော ကိရိယာများ စသည်ဖြင့် များစွာသော နည်းပညာရပ်များစွာကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ နည်းပညာရပ်များကို တစ်ခုချင်းစီ အသုံးချ၍ဖြစ်စေ၊ စုပေါင်းအသုံးပြု၍ဖြစ်စေ စီးပွားရေး လုပ်ငန်းသစ်များကို ဖန်တီးနိုင်လာကြပြီး ဆန်းသစ်တီထွင်ဖန်တီးမှုလုပ်ငန်း (innovative service) များကို များစွာသော ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုလာနိုင်ကြပါသည်။ ထိုဆန်းသစ်တီထွင်မှုများသည် အမှောင်နယ်ပယ်တွင်ပါ ရှိနေပေသည်။ ဆိုလိုရင်းမှာ ထိုကဲ့သို့ နည်းပညာများနှင့် အကျိုးအပြစ်များကို လေ့လာမှုအရ လုံခြုံရေးနှင့် သီးသန့်လုံခြုံစွာ နေထိုင်နိုင်ခြင်းကို တွေးတော စဉ်းစားသင့်ကြောင်း သိမြင်လာကြရပါသည်။

Internet

ဤအချက်များကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက အထက်ဖော်ပြပါ အကြောင်းအရာ (ခေါင်းစီး) များအား ထည့်သွင်းစဉ်းစားပြီး လိုက်ပါလုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။ IoT (Internet of Things) အင်တာနက်သုံးကိရိယာများနှင့် ပတ်သက်ပြီး အတွင်းကျကျ နက်နက်ရှိုင်းရှိုင်း လေ့လာကြရပါလိမ့်မည်။ Web ပေါ်တွင် အခြေတည်ထားသော ကမ္ဘာတု (Virtual World) နှင့် ပြင်ပကမ္ဘာကြား ဆုံမှတ်များကို ဒေတာပေးပို့လက်ခံခြင်းမျိုး လုပ်ဆောင်သည့် အချိန်များထိ နက်ရှိုင်းစွာ လေ့လာရပါလိမ့်မည်။ လေ့လာ တွေ့ရှိမှုများပေါ် မူတည်ပြီး ထပ်မံ ဖြည့်စွက်သင့်သည်များနှင့် ဆုံးဖြတ်လုပ်ရဆောင်ရမည့် လုပ်ငန်းစဉ်များကို ထောက်ပံ့လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ရပါလိမ့်မည်။ Goldman Sach ၏ အမြင်အရ အင်တာနက်သုံးပစစည်းများကို (Sensing, Efficient, Networked, Specialized & Everywhere) SENSE ဟု အတိုကောက် ခေါ်ဆိုအသုံးပြုသည့် ပင်ကိုယ်စွမ်းဆောင်ရည် အကြောင်းအရာအစဥ်လိုက် စရိုက်ဖန်တီးထားခြင်း ဖြစ်ပါသည်။

၁။ Sensing ဟူသည်ကား လေထုဖိအားတိုင်း ကိရိယာ၊ အပူချိန်တိုင်း ကိရိယာ တို့ကဲ့သို့သော အာရုံခံကိရိယာ (sensor) များကို အသုံးချခြင်းကို ဆိုလိုပေသည်။ ဤနည်းအားဖြင့် ဒေတာပမာဏကြီးမားစွာ ထုတ်လုပ်နိုင်စွမ်း ရှိလာခြင်း ဖြစ်စေသည်။
၂။ Efficient ဆိုသည်မှာ စုဆောင်းထားသည့် ဒေတာများကို အသုံးပြုလျက် အချိန်တိုအတွင်း အကျိုးများများ ရရှိစေရန် မှတ်ဉာဏ်နည်းပညာကိုပါ ထပ်မံ ပေါင်းထည့်နိုင်စွမ်းကို ကိုယ်စားပြုပါသည်။
၃။ Networked ကိုမူ မည်သည့်အခြေအနေတွင်မဆို web သို့ မရပ်မနားဘဲ ဆက်သွယ်သော အရာ ဟု အဓိပပာယ်ဖွင့်ဆိုထားပါသည်။
၄။ ’Specialized’ သည် အင်တာနက်သုံးကိရိယာများ၏ တိကျပြတ်သားမှုနှင့် ရှေးရိုး IT စနစ်များထဲတွင် ဖြစ်ပွားနိုင်သော အရာများနှင့် နှိုင်းယှဥ်လေ့လာမှုမှ ရရှိလာသော အဖြေများပေါ် မူတည်ဆုံးဖြတ်ရခြင်းဖြစ်ပါသည်။ ပြန်ထပ်အသုံးပြုနိုင်ခြင်းလော့ဂျစ်ကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဖန်တီးတီထွင်ထားသည့် အင်တာနက်သုံးကိရိယာများ သို့မဟုတ် စီမံကိန်းများအတွက် တွင်ကျယ်စွာ အသုံးပြုနိုင်ပြီး စက်မှုလုပ်ငန်းသုံးအဖြစ်ပါ အသွင်ပြောင်း ဆောင်ရွက်လိုခြင်းများလည်း ပါဝင်ပါသည်။
၅။ နောက်ဆုံးစာလုံး Everywhere သည် ကွျန်ုပ်တို့၏ နေ့စဥ်လူနေမှုဘဎနှင့် လုပ်ငန်း ဖြစ်စဥ်များတွင် ဆထက်ထမ်းပိုး တိုးမြှင့်အသုံးပြုနိုင်ခြင်းအတွက် အဆိုပါအရာဝတ္တုများကို ကျူးကျော်ဝင်ရောက်စေခြင်း (ပိုမို ချဲ့ထွင် အသုံးပြုစေခြင်း)ကို ဆိုလိုပေသည်။


Milan Polytechnics တက္ကသိုလ်၏ အင်တာနက်သုံး ကိရိယာများကို လေ့လာချက်အရ web နှင့် ချိတ်ဆက်ဆက်သွယ်ထားသော မှတ်ဉာဏ်ပါ tool များကို အသုံးပြုမှု အရေအတွက်သည် ၂ဝ၂ဝ ခုနှစ်လောက်တွင် ၂၅ ဘီလျံလောက်ထိ ရောက်ရှိသွားနိုင်ပါသည်။ ကမ္ဘာ့ဆက်သွယ်မှု ပုံသဏ္ဏာန် ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဒေတာနှင့် သတင်းအချက်အလက်များကို တစ်ဦးချင်း ထုတ်လွင့်ပေးပို့ခြင်းသာမက အင်တာနက် ချိတ်ဆက်နိုင်သော ကိရိယာတိုင်းကပါ အသုံးပြုနိုင်စေဖို့ ထုတ်လုပ်လာကြသည်။ ဘဏ်စနစ်များတွင် ငွေပေးချေမှုစနစ်များကို ပို၍ပို၍ အသုံးပြုလာပါသည်။ အာမခံကုမပဏီများကလည်း သူတို့၏ စားသုံးသူများနှင့်ပတ်သက်ပြီး ယာဉ်မောင်းနှင်သူ နေထိုင်ရာနေရာဒေသမျိုး၊ စာချုပ်ကဲ့သို့ အချက်အလက်မျိုးများကို အခြားသော ရုံးခွဲများတွင်ပါ ကြည့်ရှုနိုင်စေရန်နှင့် အချက်အလက်များ စုဆောင်းရယူနိုင်စေရန်အတွက် အဆိုပါ နည်းပညာအသစ်များကို အင်တာနက်သုံးကိရိယာများနှင့် ချိတ်ဆက်အသုံးပြု လာကြပါသည်။ Smart home နှင့် smart building များအတွင်း နေထိုင်သူများနှင့် ပတ်ဎန်းကျင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း စောင့်ကြည့်ထိန်းသိမ်းခြင်း လုပ်ငန်းမျိုးကဲ့သို့သော အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်စေရန်လည်း နည်းပညာအသစ်များကို IoT (အင်တာနက်သုံး ကိရိယာများ)နှင့် တွဲဖက် အသုံးပြုနေကြပါသည်။

ကျွနုပ်တို့သည် မြို့တွင်းရှုခင်းများကို ကြည့်လိုသည် ဆိုပါစို့။ IoT (အင်တာနက်သုံးကိရိယာ)များက မီးပွိုင့်နဲ့ ပတ်သက်သည့် အခြေအနေမျိုးများကို ကူညီပေးနိုင်ပါသည်။ ဥပမာဆိုရလျှင် လမ်းကင်မရာများမှ ပေးပို့လိုက်သော အချက်အလက်များ၏ အကူအညီဖြင့် မီးပွိုင့်များကို ထိန်းချုပ်ချိန်ညှိပေးနိုင်ခြင်းမျိုး၊ မောင်းရိုးမောင်းစဉ် လမ်းများကို မောင်းနှင်နေရာမှ သွားရောက်ရန် ဦးတည်ရာလမ်းတွင် ပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်စေရန် အချက်အလက် ရယူနိုင်စေခြင်းဖြင့် ကားမောင်းသူများကို လမ်းကြောင်းကြိုတင် ခန့်မှန်းနိုင်စေခြင်းမျိုး စသည်တို့ပင်။   စိတ်သက်သာရာရစေရန် (သက်သောင့်သက်သာရှိစေရန်) နှစ်မြုပ်ထားသော ဇိမ်ခံခြင်းမျိုး၊ လုံခြုံရေး အစီအမံမျိုးနှင့် စမတ်ကားများတွင် ရယ်ရွင်ဖွယ် အချက်အလက်များ သတင်းများကို အစီရင်ခံဖော်ပြပေးသော ဖျော်ဖြေရေးအစီအစဉ်မျိုးတွင် အလိုအလျောက်လုပ်ဆောင်နိုင်သော အစီအစဉ်အဖြစ် တွေ့မြင်ရပေမည်။ ထို့ပြင် အလားတူ အခြားသော လုပ်ငန်းနယ်ပယ်များ (ဥပမာ - အီလက်ထရောနစ် ကျန်းမာရေးစနစ်များ၊ နည်းပညာမြင့် စက်ရုံများ၊ နည်းပညာသုံးစိုက်ပျိုးရေးလုပ်ငန်းများ၊ နည်းပညာအသုံးချ စီမံခန့်ခွဲမှုစနစ်များ၊ နည်းပညာမြင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ မီတာစောင့်ကြည့်ရေး (smart metering) လုပ်ငန်းများ စသည့်နယ်ပယ်များ) တွင်လည်း IoT ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ပါသေးသည်။

လုံခြုံရေးနှင့် လျှို့ဝှက်စွာ နေထိုင်ခြင်းတို့ကဲ့သို့သော ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် IoT သုံး ဝန်ဆောင်မှုများ၊ IoT အသုံးချ လုပ်ငန်းသုံး ဆန်းသစ်သော ကိရိယာများ၏ ရေရှည်တည်တံ့မှုအတွက် အသုံးဝင်ပုံ အခန်းကဏများကို ထင်ရှားမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။

"Security and Privacy in the Internet of Things" ကို Khit Minnyo မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

Author
Khit Minnyo