Ransomware အသိပညာပေး လက်စွဲစာအုပ်နှင့် ပတ်သက်၍ ကြေညာချက်

ယနေ့ခေတ်တွင် Ransomware ၏ တိုက်ခိုက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသလို မိမိတိုက်ခိုက်လိုသူ/အဖွဲ့အစည်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုများလည်း တွေ့ကြုံလာရပါသည်။ Ransomware တိုက်ခိုက်ခံရပါက ရက်ပိုင်းအနည်းငယ်အတွင်း ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးနစ်နာခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရပါသည်။
.
မြန်မာနိုင်ငံတွင်လည်း ကွန်ပျူတာသုံးစွဲသူအများစုအနေဖြင့် Ransomware တိုက်ခိုက်မှုများ ပိုမိုတွေ့ကြုံလာရပါသည်။ ထို့ကြောင့် ကွန်ပျူတာသုံးစွဲများအအနေဖြင့် Ransomware တိုက်ခိုက်ခံရခြင်းမှ မိမိကိုယ်တိုင် ကာကွယ်နိုင်စေရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT)က Ransomware နှင့်ပတ်သက်သော အသိပညာပေး လက်စွဲစာအုပ် (Handbook) အား မြန်မာဘာသာဖြင့် ပြုစုထုတ်ဝေမည် ဖြစ်ပါသည်။ 
.
Handbook စာအုပ်တွင် Ransomware ၏ အဓိပ္ပာယ်၊ Ransomware ပေါ်ပေါက်လာပုံ၊ Ransomware အလုပ်လုပ်ပုံ၊ Ransomware တိုက်ခိုက်မှုခံရပါက လုပ်ဆောင်ရန် နည်းလမ်းများ၊ Ransomware တိုက်ခိုက်မှုမခံရရေးအတွက် ကြိုတင်ကာကွယ်နည်းများ ပါရှိမည်ဖြစ်ပါသည်။ အလားတူ မြန်မာနိုင်ငံတွင် တိုက်ခိုက်ခံခဲ့ရသော Ransomware များအကြောင်းကိုလည်း ထည့်သွင်းဖော်ပြမည်ဖြစ်ပါသည်။
.
သို့ဖြစ်ပါ၍ Handbook တွင် ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် မိမိတို့အနေဖြင့် Ransomware တိုက်ခိုက်ခံရခြင်းများရှိပါက Ransomware နှင့်ပတ်သက်သော အချက်အလက်များအား technicalteam@mmcert.org.mm သို့ ပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးအပ်ပါသည်။

 

ransom