Facebook Team အယောင်ဆောင်ထားသော Page များနှင့်ပတ်သက်၍ အထူးသတိပေးချက်

၁။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊  အင်္ဂါနေ့နံနက်(၀၉၄၇)နာရီခန့်တွင် "Blue Vèrificątion Badge Page Security" Page မှ Facebook Security Team အယောင်ဆောင်၍ အောက်ပါ Message များကို ပေးပို့နေပါသည်။

Your Page xxx has been detected for activity that violates Facebook's Pages Policy regarding copyright infringement. For security reasons, verify your account by clicking the link below.

sites[]google[]com/view/1zsxg96j8fi9hmfnodsmsijzwcr5fm

If you do not confirm, you will not be able to manage your Pages and your account will be disabled. Thank you for helping us improve the way we keep Facebook safe.

Facebook Security Team

၂။ ၎င်း Message တွင် ပါရှိသော Google Site Link ကို ဝင်ရောက်ပါက follow-service-your-account-pages.my[]id website သို့ redirect လုပ်မည်ဖြစ်ပါသည်။ အဆိုပါ Website ကိုဝင်ရောက်ပါက Facebook ၏ UI နှင့်ဆင်တူအောင် တုပထားသော ၎င်းဆိုက်က မိမိတို့၏ Page (သို့မဟုတ်) အကောင့်များ၏ Password များအား ခိုးယူသွားမည်ဖြစ်ပြီး Facebook Page (သို့မဟုတ်) အကောင့်များ၏ Password များကို ပြောင်းလဲပစ်ခြင်း၊ Page များ၏ Admin အကောင့်များကို ဖယ်ရှားခြင်းတို့ကြောင့် အဆိုပါ Google Link ကို လုံးဝဝင်ရောက်ကြည့်ရှုခြင်း မပြုပါရန်နှင့် အလားတူ Message မျိုးရရှိပါက ဂရုပြုကြပါရန် အထူးသတိပေးအပ်ပါသည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန

ပစ်မှတ်ထားတိုက်ခိုက်သော အကောင့်များနှင့် Page များစာရင်း

၁။ ERKE Myanmar

၂။ Ministry of Transport and Communications, Myanmar

၃။ Department of Public Health, Myanmar

၄။ Yangon United Sports Complex

၅။ Hydro+

၆။ The Myanmar Times - English Edition

၇။ Myanmar National League

၈။ The Global New Light of Myanmar

၉။ လှုပ်လှုပ်ရှားရှား လူထုအားကစား

၁၀။ Philippine Embassy in Myanmar (Yangon)

၁၁။ Oil and Gas Planning Department, Ministry of Electricity and Energy,Myanmar

၁၂။ International Committee of the Red Cross Myanmar

၁၃။ UNICEF Myanmar

၁၄။ Frontier Myanmar

၁၅။ Myanmar CDC - ပြည်သူ့ကျန်းမာရေးဦးစီးဌာန

၁၆။ UNFPA Myanmar

၁၇။ LIFT Myanmar

၁၈။ Miss Golden Land Myanmar

၁၉။ Myanmar Digital News

၂၀။ Myanmar's Pride Awards

၂၁။ Food and Drug Administration, Myanmar

၂၂။ One News Myanmar

၂၃။ Save the Children in Myanmar

၂၄။ Myanmar Computer Emergency Response Team - Mmcert

.