ဆိုက်ဘာရာဇဝတ်မှုနှင့် စျေးဝယ် Bot များအတွက် အသုံးပြုဖွယ်ရှိသော Google Play ပေါ်ရှိ အခမဲ့ VPN Application ၁၅ ခုကျော်သည် Android စက်များကို သုံးစွဲသူများမသိစေဘဲ အိမ်သုံး Proxy များအဖြစ်သို့ ပြောင်းလဲစေသည့် အန္တရာယ်ရှိသော အဖျက်အမှောက် SDK (Software Development Kit) ကို အသုံးပြုထားကြောင်းတွေ့ရှိခဲ့ရသည်။ (ဆက်လက်ဖတ်ရှုပါရန်။)
မူလ
| ဧပြီလ 02, 2024
ကမ္ဘောဒီးယားတွင် အလုပ်အကိုင်ရှာဖွေသည့် နိုင်ငံသား ၂၅၀ ကို ကယ်တင်ပြီး နေရပ်ပြန်ပို့ခဲ့ကြောင်းနှင့် ၎င်းတို့သည် ကမ္ဘောဒီးယားရောက်ရှိစဉ်တွင် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်။)
| ဧပြီလ 01, 2024
အမေရိကန် တရားရေးဌာနသည် ကမ္ဘာ့ခရစ်တိုငွေကြေးလဲလှယ်ရာ KuCoin အိတ်ချိန်းနှင့် အိတ်ချိန်းတည်ထောင်သူနှစ်ဦးကို ဆိုက်ဘာရာဇဝတ်ကျူးလွန်သူများအား ငွေကြေးခဝါချရန် ပလက်ဖောင်းကို အသုံးပြုခွင့်ပေးခဲ့ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုထားသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| မတ်လ 11, 2024
အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) သည် Avast အား ဒေါ်လာ ၁၆.၅ သန်းပေးချေရန်နှင့် သုံးစွဲသူများ၏ ဝက်ဘ်ရှာဖွေမှုအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် ကြော်ငြာကိစ္စအတွက် ကုမ္ပဏီအား လိုင်စင်ထုတ်ပေးခြင်းတို့ကို တားမြစ်ရန် အမိန့်ချမှတ်မည် ဖြစ်သည်။
| ဖေဖော်ဝါရီလ 25, 2024
တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းသည် ပိုလန်နိုင်ငံနှင့်ယူကရိန်းနိုင်ငံရှိ LockBit Ransomware ဂိုဏ်းတွင် ပါဝင်သူ နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ကုဒ်ဝှက်ထားသောဖိုင်များအား အခမဲ့ ပြန်လည်ရယူနိုင်ရန်အတွက် Decryptor ပရိုဂရမ်ကို ဖန်တီးခဲ့သလို နိုင်ငံတကာ ပူးပေါင်းနှိမ်နှင်းမှု စစ်ဆင်ရေးတွင် ဆိုက်ဘာရာဇဝတ်မှုဂိုဏ်း၏ server များကို ထိုးဖောက်တိုက်ခိုက်၍ Crypto Wallet ၂၀၀ ကျော်ကို သိမ်းဆည်းထိန်းချုပ်ခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်)
Hive Ransomware ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်သော သဲလွန်စများအတွက် အမေရိကန်မှ ဒေါ်လာ ၁၀ သန်း ကမ်းလှမ်း
| ဖေဖော်ဝါရီလ 24, 2024
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် Hive Ransomware ဂိုဏ်း၏ အဖွဲ့ဝင်များကို ရှာဖွေရန်၊ ဖော်ထုတ်ရန် သို့မဟုတ် ဖမ်းဆီးရန် ကူညီပေးနိုင်မည့် သဲလွန်စ အချက်အလက်များအတွက် ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးငွေများ ကမ်းလှမ်းထားသည်။ အဆိုပါ ransomware ဂိုဏ်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း နိုင်ငံပေါင်း ၈၀ ကျော်ရှိ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်ထံမှ ဒေါ်လာ သန်း၁၀၀ ငွေညှစ်ခဲ့ကြောင်း FBI က ပြောကြားခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်။)
| ဖေဖော်ဝါရီလ 23, 2024
စက်တင်ဘာလတွင် ဖာထေးထားသည့် Roundcube အီးမေးလ်ဆာဗာ၏ အားနည်းချက်ကို ယခုအခါ Cross-site scripting(XSS) တိုက်ခိုက်မှုများတွင် အသုံးချနေကြောင်း CISA မှ သတိပေးပြောကြားခဲ့သည်။ အဆိုပါလုံခြုံရေးအားနည်းချက်(CVE-2023-43770)သည် Persistent Cross-site Scripting (XSS) အားနည်းချက်တစ်ခုဖြစ်ပြီး ထိုအားနည်းချက်သည် သုံးစွဲသူမှ လုပ်ဆောင်ချက် လိုအပ်သည့် ရှုပ်ထွေးမှုနည်းပါးသည့်၊ အဖျက်အမှောက် Link ပါသည့် စာသားသက်သက်မှတစ်ဆင့် တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်သူများအနေဖြင့် ကန့်သတ်ထားသော အချက်အလက်များအား ဝင်ရောက်ကြည့်ရှုနိုင်စေသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| နိုဝင်ဘာလ 23, 2023
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပလျက်ရှိသော “ASEAN Cyber Sheild Hacking Contest” ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများအနေဖြင့် အလွတ်တန်းအဆင့်ပြိုင်ပွဲ၌ အဆင့်(၈)နှင့် အဆင့်(၁၇)ကိုလည်းကောင်း၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲ၌ အဆင့်(၉)နှင့် အဆင့်(၁၂)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြကြောင်း သိရှိရသည်။
| နိုဝင်ဘာလ 20, 2023
တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်ခုဖြစ်သည့် “ASEAN Cyber Sheild Hacking Contest” အား ASEAN Cyber Sheild Hacking Contest Organizing Committee မှ ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၁-၁၁-၂၀၂၃ ရက်နေ့မှ ၂၄-၁၁-၂၀၂၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
17 ဖေဖော်ဝါရီလ 23