Home
| Aug 22, 2023
အဖွဲ့ဝင်ပေါင်း ခုနှစ်သိန်းခြောက်သောင်း၏ အချက်အလက်များ ပေါက်ကြားခဲ့ပြီးနောက် Discord.io ၏ စိတ်ကြိုက်ဖိတ်ကြားခြင်းဝန်ဆောင်မှုအား ယာယီရပ်ဆိုင်းခဲ့ရသည်။ Discord.io သည် Discord ၏ တရားဝင်ဝက်ဘ်ဆိုဒ်မဟုတ်သော်လည်း ဆာဗာပိုင်ရှင်များအား ၎င်းတို့၏ ချန်နယ်များသို့ သုံးစွဲသူများကို ဖိတ်ကြားစေနိုင်သည့် ပြင်ပဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ဝါသနာတူလူစုအများစုသည် Discord ဆာဗာကိုသုံးစွဲကြပြီး အဖွဲ့ဝင်ပေါင်း ၁၄၀၀၀ ကျော် ရှိနေကြသည်။
| Aug 16, 2023
Google Play Store သည် ၂.၅ သန်းမျှ Install ပြုလုပ်ထားပြီးကြသော Android App ၄၃ ခု၏ စိမ့်ဝင်ထိုးဖောက်ခြင်း ခံနေရပါသည်။ ၎င်း App များသည် ဖုန်း screen ပိတ်ထားသည့်တိုင် ကြော်ငြာများကို လျှို့ဝှက်စွာ ပြသနေပြီး ဖုန်းဘတ္ထရီကို ကုန်စေပါသည်။ McAfee ၏ မိုဘိုင်းသုတေသနအဖွဲ့သည် အန္တရာယ်ရှိသော Android App များကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ Google Play Store မူဝါဒများကို ချိုးဖောက်မှုဖြင့် Google သို့ တိုင်ကြားခဲ့သည်။ နောက်ပိုင်းတွင် Google က ၎င်း App များကို android ၏ တရားဝင် Store မှ ဖယ်ရှားခဲ့သည်။
| Aug 05, 2023
Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၌ ယနေ့မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ UI$ Team အသင်းက ပထမ၊ n00b_779082 အသင်းက ဒုတိယနှင့် U_SH3LL အသင်းက တတိယ အသီးသီးရရှိခဲ့ကြပါသည်။
| May 14, 2023
FBI နှင့် ယူကရိန်းရဲတပ်ဖွဲ့တို့သည် ransomware တိုက်ခိုက်သူများအပါအဝင် ငွေကြေးလိမ်လည်သူများနှင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများအား ငွေကြေးခဝါချမှုပြုလုပ်နိုင်ရန် ထောက်ပံ့ခဲ့သော ခရစ်တိုငွေကြေးအိတ်ချိန်း Website ၉ ခုကို သိမ်းဆည်းခဲ့သည်။
| Feb 24, 2023
ဟက်ကာများသည် Windows နှင့် Android တို့တွင် malware ဖြန့်ဝေရန် သို့မဟုတ် သံသယမဝင်သေးသည့်သူများကို phishing စာမျက်နှာများသို့ ရောက်သွားစေရန်အတွက် OpenAI မှထုတ်ဝေသည့် ChatGPT chatbot ၏ လူကြိုက်များမှုကို အသုံးချနေပါသည်။
| Feb 17, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ “Safe ICT Services” စကားဝိုင်းအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
| Dec 08, 2022
ပါရီမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ André-Mignot သင်ကြားရေးဆေးရုံသည် စနေနေ့ညနေပိုင်း က ဖြစ်ပွားခဲ့သည့် ransomware တိုက်ခိုက်မှုကြောင့် ၎င်း၏ဖုန်းနှင့် ကွန်ပျူတာစနစ်များကို ပိတ်ပစ်ခဲ့ရသည်။ ဆေးရုံကြီးကြပ်ရေးဘုတ်အဖွဲ့၏တွဲဖက်ဥက္ကဌ Richard Delepierre ၏ ပြောစကားအရ အဆိုပါ ransomware တိုက်ခိုက်မှုနောက်ကွယ်မှ တိုက်ခိုက်သူများက ပြန်ပေးငွေကို တောင်းဆို ထားပြီး ဖြစ်သည်။
| Nov 25, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် တတိယအကြိမ်မြောက် Incident Handling - Intrusion Detection သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
A vulnerability classified as critical has been found in Caphyon Advanced Installer 19.7. This affects an unknown part of the component WinSxS DLL Handler.
A vulnerability was found in Online Banquet Booking System 1.0 and classified as problematic.
A vulnerability has been found in Online Banquet Booking System 1.0 and classified as problematic.
A vulnerability, which was classified as problematic, was found in Online Banquet Booking System 1.0.