Petya Ransomwae အကြောင်း

Petya Ransomware အကြောင်းသိကောင်းစရာ

ဖြစ်စဉ်အကျဉ်းချုပ်


ဇွန်လ (၂၇) ရက်နေ့တွင် ယူကရိန်းနိုင်ငံတွင် Ransomware အမျိုးအစားအသစ်တမျိုး စတင်ပျံနှံခဲ့ပြီး များမကြာမီ တမ္ဘာလုံးနီးပါးသို့ ပျံနှံခဲ့ပါသည်။ ၄င်း Ransomware သည် များမကြာမီက ဖြစ်ပေါ်ခဲ့သော “WannaCry Ransomware” နှင့်တူညီသော နည်းလမ်းများကို အသုံးပြု၍ ပျံနှံခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် “WannaCry Ransomware”ကဲ့သို့တူညီသော ဖြေရှင်းနိုင်မည့် နည်းလမ်းများ ပေါ်ထွက်လာမည်ဟု ယူဆရ ပါသည်။ Petya သည် dll file အဖြစ်မှ စတင်ပျံနှံခဲ့ပြီး system ကို compromise ဖြစ်စေရန် process ကို execute လုပ်လိုက်မည် ဖြစ်ပါသည်။ ထိုသို့ execute လုပ်ပြီးနောက်တွင် Window’s system ၏ Master Boot Record (MBR) ကို modifies လုပ်သွားမည် ဖြစ်ပါသည်။ Reboot ကျပြီးနောက်တွင် MBR မှ Ransome note သာ screen တွင်ပေါ်လာမည်ဖြစ်သည်။ ၄င်း Ransome note တွင် user မှ ၄င်းတို့ file ကို decrypt ဖြစ်စေရန်အတွက် ၄င်းတို့၏ specific Bitcoin address သို့ US$ 300 ပေးရန် တောင်းခံထားပါသည်။ အကယ်၍ user အနေဖြင့် ၄င်းတို့တောင်းဆိုထားသော ငွေကြေးကိုပေးခဲ့လျှင်တောင်မှ မိမိ file ကို ပြန်လည် ရရှိမည်ဟု အာမခံ၍ မရပါ။

ပျံနှံပုံနည်းလမ်းများနှင့် အလုပ်လုပ်ပုံ

Petya Ransomware သည် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ပျံနှံခဲ့ခြင်းဖြစ်ပါသည်။


• ယူကရိန်းနိုင်ငံ၏ accounting software တစ်ခုဖြစ်သော “M.E.Doc” ၏ အားနည်းချက်ကို Update မပြုလုပ်မှီ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

• ထို့နောက် Petya သည် Local Network ကို အခြား system များ၏ ADMIN$ share ကို scan ဖတ်၍ ၄င်း ကိုယ်တိုင်နှင့် အခြား host များကို “PSEXEC” ဟူသော Malware ဖြင့် execute လုပ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် infected user သည် system ၏ share file များကို write နှင့် execute လုပ်ခွင့်ရရှိသွားမည် ဖြစ်ပါသည်။

• Petya သည် Windows Management Instrumentation Command-line (WMIC) tool ကိုအသုံးပြု၍ local subnet အတွင်းရှိ host များကိုချိတ်ဆက်ပြီး ၄င်း host များကို Remote ၀င်နိင်ရန် မိမိကိုယ်တိုင် execute ပြုလုပ်ပါသည်။ ထို့ပြင် Mimikatz tool ကိုအသုံးပြု၍လည်း infected system တွင် credential များကို extract ပြုလုပ်ပြီးနောက် ၄င်းကို အသုံးပြုကာ targeted host ပေါ်တွင် ၄င်းကိုယ်တိုင် execute ပြုလုပ်မည် ဖြစ်သည်။

• Petya မှနောက်ဆုံးတွင် “ETERNALBLUE နှင့် ETERNALROMANCE” exploit tool ကို အသုံးပြု၍ local subnet အတွင်းရှိ host များကို ၀င်ရောက်ရန် ကြိုးစားခဲ့ရာ targeted host များတွင် MS17-010 patches ကို deploy မလုပ်ထားခဲ့လျှင် အောင်မြင်စွာ ၀င်ရောက်သွားနိုင်မည် ဖြစ်သည်။

Malware နာမည်များ

Petya, Petna, PetrWrap, NotPetya

အားနည်းချက်ရှိသော စက်များ


• Windows 10

• Windows RT 8.1

• Windows 8.1

• Windows 7

• Windows XP

• Windows Vista

• Windows Server 2016

• Windows Server 2012 and Windows Server 2012 R2

• Windows Server 2008 and Windows Server 2008 R2

ကြိုတင်ကာကွယ်ခြင်း


• Windows-based system ဆိုလျှင် Patch Update များပြုလုပ်ထားခြင်း။ အထူးသဖြင့် (MS17-010) ကို update ပြုလုပ်ထားခြင်း။
• Backup များပြုလုပ်ထားခြင်း။
• Tcp Port 445 ကို Block ထားရပါမည်။
• SMB Protocol များကိုလဲ Disable ပြုလုပ်ထားပါ။
(https://support.microsoft.com/en-us/help/2696547/how-to-enable-and-disab...)
• အတက်နိုင်ဆုံး လိုအပ်သည့်တိုင်အောင် admin privileges ဖြင့်အသုံးမပြုပါနှင့်။
• မလိုအပ်သည့် service များကို disable ပြုလုပ်ထားပါ။

ဖြေရှင်းခြင်း


• ယခုလက်ရှိတွင် အကောင်းဆုံးနည်းလမ်းကတော့ backups လုပ်ထားသည်များမှ recovery ပြန်လုပ်ခြင်း ဖြစ်ပါသည်။ Shadow Volume Copies ကိုအသုံးပြု၍ Fileများ , Folderများကို Recover ပြုလုပ်ခြင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။ (https://www.bleepingcomputer.com/tutorials/how-to-recover-files-and-fold...)
• အကယ်၍ Ransome အတွက် ငွေကြေးတစ်စုံတစ်ရာ ပေးချေခဲ့လျှင်တောင် မိမိ၏ file ကို ပြန်လည် ရရှိရန်မှာ မသေချာပေ။

Reference

Petya Ransomware v0.3.pdf, compiled by ThaiCERT

https://www.csa.gov.sg/singcert/news/advisories-alerts/technical-advisor...